Professional Authors

* ဖေ့(စ်)ဘွတ်(ခ်) *


မနက်လင်းလို့  ဂွတ်မောနင်း နှုတ်ဆက်လိုက်တာနဲ့
မပီကလာ ပီကလာတွေတွေ့ရမယ်
စားဖွယ်စုံတဲ့ထမင်းဝိုင်းတွေ ၊ နန်းတော်တမျှခမ်းနားလှတဲ့နေရာတွေ (အပြင်လောကမှာတော့ဟုတ်ချင်မှဟုတ်မယ်)
ကြူနေတာတွေရှိတယ် ၊ အူနေတာတွေလဲရှိတယ်
တချို့ကတော့ဆူနေတာပေါ့…..

အပဲ့အရွဲ့ ၊ အကျိုးအကန်း ၊ အလေနတ်တောကအစ
ဘုရင့်သားတော် သမီးတော်ထိရှိတယ် ..ဖေ့(စ်)ဘွတ်(ခ်)…

စီးပွားရေး ၊ လူမှုရေး ၊ ဘာသာရေး…
ရေး…ရေး…
ရေးပေါင်းစုံကိုလက်နက်မပါပဲ သိမ်းပိုက်လိုက်ပီ
ခြွင်းချက်မရှိလက်နက်ချစေ….

သန်ရာသန်ရာ စွဲကိုင်လို့ စီးချင်းထိုးနေတာများ
စစ်သည်တွေတသောသော….
မကျေနပ်ရင် သူခိုးဓားရိုးကမ်းနိုင်တယ် ၊
မီးလောင်ရာလေပင့်နိုင်တယ် ၊ မလောင်တဲ့မီးကိုလောင်အောင်ရှို့နိုင်တယ်…

တချို့လဲ လူတကာဝေါ(လ်)ထက်မှာ ခွေးဖြစ်နေတယ်
တချို့တော့တိုးတက်သွားတယ် ၊ တချို့တော့ကျိုးပျက်သွားတယ်…

အုပ်လိုက်  အုပ်လိုက်
သူများ ဒါ..ဒါ..ဒါ ဆို ဒါ..ဒါ..ဒါ
သူများ ဟိုဟာ.. ဟိုဟာ ဆို ဟိုဟာ.. ဟိုဟာ
ဒီနေဒါဆို…မနက်ဖြန်ဟိုဟာ…….
သောသောညံနေကြတာ ဆန်ကောထဲက ဆီးဖြူသီးတွေ…

ဆီးဖြူသီးတွေ……  ဆီဖြူသီးတွေ
အစွမ်းကုန် လိမ့်ကြ လှော်ကြ
အသံတွေဆူလာပီ..နားတွေအူလာပီ..စိတ်တွေလေးလာပြီ

မီးကင်းတဲက နာရီသံချောင်းခေါက်သံ……

သန်းခေါင်ထင် ညဥ့်နက်ခဲ့ရပြီ
ဂွတ်နိုက်ဆိုတဲ့ စတေးတပ်လေးနဲ့ ခြေကုန်လက်ပန်းကျလို့
ဖေ့(စ်)ဘွတ်(ခ်)….ဖေ့(စ်)ဘွတ်(ခ်)
သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ
တွေးနေရင် အိပ်ပျော်သွားတဲ့အခါ…………

အင်း….
မနက်ဖြန်တော့ ဂွတ်မောနင်း လို့စကားစလိုက်တာနဲ့……

သြော်…….ဖေ့(စ်)ဘွတ်(ခ်)

သလင်း(၃၀.၆.၂၀၁၃) ၆:၃၅ တနင်္ဂနွေ

In: ကဗျာ Posted By: Date: Jun 30, 2013
Comment #1

ကြိုက်တယ်ဗျာ

commentinfo By: လူအ at Jun 30, 2013
Comment #2

🙂 မိုက်တယ်

commentinfo By: nwe at Jun 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment