Professional Authors

အချစ်ကျောက်ရိုင်း

 

 

ကျောက်ခဲကို ဒေါထွက်လို့

ပစ်ပေါက်လိုက်တော့ ငါ့ကံဇာတာက

မြင်မိုရ်ကို ထိခိုက်လို့

အီရတ် စစ်ဖြစ်ခဲ့သလို

ငါ့စိတ်တွေ မင်းကြောင့် ပျက်စီးခဲ့ပေါ့..။

 

တံတိုင်ပေါ်က ဖြုတ်ကျလာတဲ့

အတောင်မဲ့သော ကျောက်ခဲတစ်တုံး

ငါ့ရင်ခွင်ကို ကျည်ဆန်နဲ့

ပစ်ထိုးသလို မင်းကြောင့် အရိပ်မဲ့ ချစ်ခဲ့မိပေါ့..။

 

အရေးမယူသော တရားခွင်မှာ

ထိမှန်ခဲ့သော ကျောက်ခဲဒဏ်ကို

ငါ့ရင်ခွင်ထဲ ဆေးချက်မရှိ

ထိုးဝင်လို့ မင်းကြောင့် မေတ္တာဆေးခန်းရောက်ခဲ့ပေါ့..။

 

အမှတ်မဲ့သော ကျောက်ခဲလေးကို

သတိလက်လွတ် ကောက်ကိုင်မိခိုက်

ငါအငိုက်မိလို့ ခေါင်းစိုက်သွားခဲ့တာ

မင်းရဲ့ ပစ်ချက်တွေကြောင့်ပေါ့…။

 

မချစ်တက်လို့ ချစ်ကျောက်ထက်မှာ

နှလုံးသားကျောက်ခဲကို ကိုင်တွဲရင်း

ကျည်ချက်ထိတဲ့ ငါ့နှလုံးသား

ဗေဒင်ဆရာတောင် ဆရာခေါ်သည့်အလား…။

 

ကျောက်ခေတ်က ချစ်သမိုင်း

သံခေတ်မှာတော့ ချစ်စက်ဝိုင်း

ကြေးခေတ်ရောက်တော့ ချစ်ကြေးစား

ရွှေခေတ်ကောင်းတော့ ချစ်ဆွေလား

ငါ့နှလုံးသားမှာတော့ ချစ်သစ်ရိုင်းပေါ့..။

 

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa.blogspot.com

In: ကဗျာ Posted By: Date: Sep 20, 2011
Comment #1

ကျောက်ခဲကို ဒေါထွက်လို့

ပစ်ပေါက်လိုက်တော့ ငါ့ကံဇာတာက

မြင်မိုရ်ကို ထိခိုက်လို့

အီရတ် စစ်ဖြစ်ခဲ့သလို

ငါ့စိတ်တွေ မင်းကြောင့် ပျက်စီးခဲ့ပေါ့..။

commentinfo By: May Kha at Sep 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment