Professional Authors

အုတ်မြစ်မခိုင်တဲ့ သစ္စာ

နီးစပ်မှု…တဲ့လား
သွားစမ်းပါ…
အုတ်မြစ်မခိုင်တဲ့ မင်းရဲ့သစ္စာကြောင့်
တိမ်းမူးပြိုကျသွားတာကို ၀န်ခံလိုက်စမ်းပါ
အနေဝေးလို့ သွေးမအေးပါဘူးတဲ့
မင်းပြောဖူးတာမှတ်မိလား……..
အနေနီးတဲ့သူကို သွေးနွေးသွားခဲ့တာတော့
သိပ်ကိုပါးလွှာလွန်းတဲ့ နှလုံးသားတစ်စုံကြောင့်များလား…..
မတောင်းပန်နဲ့…
မင်းလွတ်လပ်ခွင့်ကိုငါချုပ်ချယ်မထားသလို
အတားအဆီးမဲ့ ငါ့အမုန်းတွေအတွက်
မင်း တိုးလျှိုးပိုင်ခွင့်မရှိဘူး……
ထွက်သွားပြီးမှတော့လှည့်မကြည့်နဲ့
မင်းခြေစုံကန်သွားတဲ့ငါ့ရင်ခွင်က
ပြန်မရှင်သန်တော့ဘူး…..
မင်းကောင်းမယ်ထင်လို့ရွေးခဲ့တာပဲ
နောင်တမရကြေးပေါ့…..
ငါ့ဆီကတစ်ခုခုကြားချင်သတဲ့လား
ဒါဆိုလဲနားထောင်
ပြောင်းလဲမှုတိုင်းက သစ္စာမဲ့ခြင်းမဟုတ်ဘူးလို့
ခံယူထားတဲ့မင်း နှုတ်ခမ်းဖျားက
သစ္စာဆိုတဲ့စကားကိုဘယ်တော့မှမပြောနဲ့
အကြောင်းပြချက်မရှိဘဲ
ရက်စက်သွားတဲ့မင်းကို ငါစိတ်နာတယ်….
လုပ်ရက်ခဲ့တဲ့မင်းကို ငါနာကြဉ်းတယ်…..
ပြောင်းလဲသွားတဲ့မင်းကို ငါအံ့သြတယ်…..
ငါသိပ်ချစ်ခဲ့တဲ့မင်းကို
ငါ….
ငါ..အရမ်းချစ်ခဲ့ပါတယ် ချစ်သူရယ်………..

In: ကဗျာ Posted By: Date: Aug 15, 2011
Comment #1

ပြောင်းလဲမှုတိုင်းက သစ္စာမဲ့ခြင်းမဟုတ်ဘူးလို့

commentinfo By: May Kha at Aug 15, 2011
Comment #2

ကျွန်တော်လဲအဲဒါကိုသိချင်နော
ပြောင်းလဲမှုတိုင်းက သစ္စာမဲ့ခြင်းမဟုတ်ဘူးဆိုရင်
သစ္စာဆိုတာ ဘာကြီးလဲ………

commentinfo By: လွမ်းနောင် at Aug 15, 2011
Comment #3

အားပေးသွားပါတယ်..သစ္စာဆိုတာကတော့ …..

Comment #4

ကဗျာလေးးကကောင်းတယ်..
ပြောင်းလဲမှုတိုင်းကတော့ သစ္စာမဲ့ခြင်းမဟုတ်ဘူးးဆိုတာ..
အဲ့အဖြေက နေရာ၊ဒေသ နဲ့ အချိန်ပေါ်မူတည်မယ်နဲ့တူတယ်နော်
တခါတရံပြောင်းလဲမှု့ဆိုတာသစ္စာမဲ့ခြင်းဖြစ်နိုင်သလို
တခါတရံတော့လဲနှစ်ဦးနှစ်ဖက်ကြားအထင်မြင်လွဲမှားမှု့တွေဖြစ်နိုင်တယ်ထင်ပါတယ်
(ထင်မြင်မှု့သက်သက်ပါ)

commentinfo By: နတ်သမီး at Aug 15, 2011
Comment #5

နီးစပ်မှု…တဲ့လား
သွားစမ်းပါ…
အုတ်မြစ်မခိုင်တဲ့ မင်းရဲ့သစ္စာကြောင့်
တိမ်းမူးပြိုကျသွားတာကို ၀န်ခံလိုက်စမ်းပါ
အနေဝေးလို့ သွေးမအေးပါဘူးတဲ့
မင်းပြောဖူးတာမှတ်မိလား……..
အနေနီးတဲ့သူကို သွေးနွေးသွားခဲ့တာတော့
သိပ်ကိုပါးလွှာလွန်းတဲ့ နှလုံးသားတစ်စုံကြောင့်များလား
ကောင်းလိုက်တာဗျာ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 15, 2011
Comment #6

really nice poem.

i agree with nat ta me.

commentinfo By: ei lay at Aug 15, 2011
Comment #7

အနေဝေးလို့ သွေးမအေးပါဘူးတဲ့
မင်းပြောဖူးတာမှတ်မိလား……..
အနေနီးတဲ့သူကို သွေးနွေးသွားခဲ့တာတော့
သိပ်ကိုပါးလွှာလွန်းတဲ့ နှလုံးသားတစ်စုံကြောင့်များလား…..
မတောင်းပန်နဲ့…
မင်းလွတ်လပ်ခွင့်ကိုငါချုပ်ချယ်မထားသလို
အတားအဆီးမဲ့ ငါ့အမုန်းတွေအတွက်
မင်း တိုးလျှိုးပိုင်ခွင့်မရှိဘူး……
ထွက်သွားပြီးမှတော့လှည့်မကြည့်နဲ့
မင်းခြေစုံကန်သွားတဲ့ငါ့ရင်ခွင်က
ပြန်မရှင်သန်တော့ဘူး…..

လုံးဝကိုမိုက်တယ်..ဗျာ….တစ်ထပ်တည်းပဲ….အားပေးသွားသည်။

commentinfo By: terry at Aug 15, 2011
Comment #8

သစ္စဆိုတာက .ကိုလွမ်းနောင်ရေ .. တစ်ယောက်နဲ့တစ်ယောက်စောင့်စည်းရတဲ့စည်းကမ်းလို့တော့ထင်တာပဲ … 🙂

commentinfo By: chityellusoelay at Aug 15, 2011
Comment #9

i agree with ko lu soe.

commentinfo By: ei lay at Aug 15, 2011
Comment #10

သစ္စာဆိုတဲ့ အကြောင်းတော့မပြောစမ်းပါနဲ့ဗျာ အဲ့စကားလုံးကြားရင် သွေးမျက်ရည်တောင်ကျချင်တယ် သစ္စာဆိုတာကိုမတည်မြဲနိုင်တဲ့သူထက် သစ္စာမဲ့အောင်လုပ်တဲ့သူက ပိုအပြစ်ကြီးမယ်ထင်တယ် ကျွန်တော့အမြင်ပြောတာပါ ကဗျာလေး အလွန်တရာကောင်းပါတယ် အော် အပေါ်မှာပြောခဲ့တာ တစ်မျိုးမထင်ပါနဲ့ ဒီလိုဘဲ ကျွန်တော့ပတ်ဝန်းကျင်မှာ အဲ့အရာနဲ့ပတ်သက်ပြီး problem ကြီးကြီးတစ်ခုရှိခဲ့ဖူးလို့ပါ ။

commentinfo By: X - ray at Aug 16, 2011
Comment #11

ပြောင်းလဲမှုတိုင်းက သစ္စာမဲ့တာမဟုတ်ပါဘူး ကိုလွမ်းနောင်…
အခြေအနေနဲ့ အချိန်အခါအရ ပြောင်းလဲရတဲ့ အခါမျိုးမှာ မိန်းမသားတွေမှာလဲ ရင်ကွဲမတတ်ခံစားကြရတာပဲ…
ကိုယ့်ကို လက်ထပ်ပါမယ်လို့ ကတိထားခဲ့တဲ့ ယောက်ျား တယောက်ကို ဘယ်နှနှစ်စောင့်ရမှာလဲ.. 3နှစ်လား..5နှစ်လား…10နှစ်လား…မရေရာတဲ့ အချိန်တွေရဲ့အဆုံးမှာ..နောက်ဆုံးအဖြေက ဘာဖြစ်မလဲ…
7နှစ်လောက်ဘာအဆက်အသွယ်မှ မရပေမယ့် မိန်းကလေးတယောက်က သူ့ချစ်သူကိုစောင့်နေခဲ့တယ်… ပြန်တွေ့တဲ့ အချိန်မှာ မိဘသဘာတူတဲ့သူနဲ့ စေ့စပ်ထားရတဲ့ မိန်းကလေးဘက်ကို သစ္စာ မဲ့တယ်လို့ဆိုနိုင်သလား…မိန်းကလေးတယောက်ကို ကတိတွေထားခဲ့ပြီးမှ နှစ်ပေါင်းများစွာ ပစ်ထားခဲ့တဲ့ ယောက်ျားလေးဘက်က ရော သစ္စာမဲ့တာပဲမဟုတ်ဘူးလား…သဘောပြောတာနော်…
ကဗျာအနေနဲ့ ခံစားရင်တော့ အရေးအသားတွေအရမ်းကောင်းပါတယ်…
ခံစားချက်တွေကို အသက်သွင်းထားတာဆိုရင်တော့ အခြေအနေအားလုံးကိုပြန်သုံးသပ်ပြီးမှ စွဲချက်တွေတင်ပါလို့…..အမြဲအားပေးနေခဲ့တဲ့……………………………

commentinfo By: နိုး at Aug 16, 2011
Comment #12

ခံစားချက်ကိုအသက်သွင်းတယ်လို့ပြောမလား
ကဗျာအနေနဲ့ပဲရေးတယ်လို့ပြောမလား
သေချာတာကတော့ကျွန်တော့်ခံစားချက်တစ်ဝက်ကို
နောင်ဖြစ်လာနိုင်တဲ့နဲ့မှန်းပြီး ကဗျာအဖြစ်အသက်သွင်းလိုက်တာပါ
အခုကျွန်တော်ကြုံနေတဲ့အခြေအနေ… ဖြစ်ရပ်တွေအရ
နောင်ဖြစ်လာနိုင်မယ့်အဖြေတစ်ခုကိုကျွန်တော်ကြိုသိနေလို့ပါ…..
သူနဲ့ပတ်သတ်ပြီးစွဲချက်တင်တယ်လဲမဟုတ်ပါဘူးဗျာ….
လူတိုင်းမှာလွတ်လပ်စွာရွေးချယ်ခွင့်ရှိပါတယ်
ကိုယ့်ဘ၀ကောင်းဖို့အတွက် ကိုယ်တိုင်ရွေးချယ်သွားမယ့်သူတစ်ယောက်အပေါ်မှာ
ကျွန်တော်ကန့်ကွက်ပိုင်ခွင့် တားဆီးပိုင်ခွင့်မရှိဘူးလေ…
အဲဒါကြောင့် ကဗျာအဖြစ်ပဲအသက်သွင်းလိုက်တာပါ
ခံစားချက်တွေအများကြီးပါတဲ့ကဗျာပေါ့ဗျာာာ
အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်………

commentinfo By: လွမ်းနောင် at Aug 17, 2011
Comment #13

နင်လုပ်ချင်ရာသာလုပ် င့ါနာမည်မပါရင်ပြီးတာပဲ လွမ်းနောင်

commentinfo By: စန္ဒာဝင်း at Aug 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment