Professional Authors

poemscorner အတွက်ကဗျာတစ်ပုဒ်

ဘယ်သူရှိရှိ၊မရှိရှိ
သူရှိတဲ့အတွက် ငါပျော်မိတယ်
ဘယ်သူပြောပြော
လက်ခံနားလည်ပေးတဲ့ မင်းကို
ငါကျေးဇူးတင်တယ်..

မင်းကြောင့် ငါ့နှလုံးသားတံခါး
အလိုလိုပွင့်လာအောင်
လုပ်ဆောင်နိုင်တဲ့ မင်းရဲ့သတ္တိ
ငါလေးစားဂုဏ်ယူမိတယ်..

မင်းကြောင့် ငါပညာရခဲ့ရ
မင်းကြောင့် ငါပျော်ခဲ့ရ
မင်းကြောင့် ငါစိတ်ညစ်ခဲ့ရ
သို့ပေမဲ့ ငါပျော်ခဲ့တာက
အများဆုံးဆိုတော့ ငါအပြစ်မပြောဘဲ
မင်းဆက်ရှိနေပေးပါလို့..တောင်းဆိုပါရစေ..

မင်းမရှိရင်
ငါလက်တွေကို ရိုက်ချိုးထားသလို
ငါနှလုံးသားကို အကျဉ်းချထားသလို
ငါအိမ်မက်တွေကို မီးလောက်တိုက်ထဲထည့်လိုက်သလိုပဲ
ဒါပေမဲ့ ဘယ်သူမသိတဲ့ ငါနှလုံးသား
ငါဦးနှောက်က မင်းကို ကျေးဇူးတင်လျက်ပါ…

အသဲကွဲသမား
အချစ်ရှုံးသမား
အချစ်ကြီးသမား
ကဗျာသမား
စာပေသမား
ကဗျာချစ်သူများ
အားလုံးပေါင်းစပ်ကာ တည်ဆောက်ခဲ့တာပါ…..

လေးစားစွာဘဲ
ထောက်ခံနေမြဲ
မင်းကြောင့်ပဲ ငါရေးခဲ့ရတဲ့ကဗျာတွေကမနည်း
ငါအချိန်ကုန်ပေမဲ့
ကုန်ရကျိုးနပ်အောင် လုပ်ပေးတဲ့
သူငယ်များ၊အစ်ကို၊အစ်မများအာလုံး
လှိုက်လှဲစွာဖြင့် ကြိုဆိုကာ
ကဲ…poemscorner ရေ
အချိန်ရှိခိုက် ငါတို့တတွေ
ကဗျာလေးတွေနဲ့
အောင်ပွဲခံကြစို့ဟေ့……

ကျနော်ရေးခဲ့တာ ဒီနေ့ poemscorner မှာ နှစ်လ ပြည့်တဲ့အနေနဲ့
ကျနော် poemscorner ကိုကျေးဇူးတင်ကြောင်းကို အပျင်းအောင်
ဟောဒီကဗျာလေးနဲ့ ပြောပါရစေ…..
မေတ္တာဖြင့်
                                                စိုး……………

In: ကဗျာ Posted By: Date: Mar 14, 2012
Comment #1

me too thank to poemscorner

commentinfo By: athaekwelmoe at Mar 15, 2012
Comment #2

အမှန်ပဲဗျ၊ poems corner ရှိနေလို့…

commentinfo By: kantkawmg at Mar 15, 2012
Comment #3

right

commentinfo By: ei lay at Mar 15, 2012
Comment #4

ပြောချင်တဲ့ စကားတွေ ပြောမထွက်နိုင်တဲ့အခါ
ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်မလာနိုင်တဲ့အခါ
ဒီနေရာလေး ကို သတိရမိတယ်
ဒီနေရာက အကုန်လုံးကို နာလည်ပေးတယ်နော်
ကျေးဇူးပါပဲ Poems Corner

commentinfo By: poohmay at Mar 15, 2012
Comment #5

ဟုတ်တယ် သိပ်ကောင်းတဲ့နေရာလေးပါဘဲ…အရောက်နောက်ကျပေမဲ့ အရမ်းချစ်ခင် မြတ်နိုးမိတယ်.. နောက်မှ ထိတွေ့ခွင့်ရပေမဲ့ ဒီကကဗျာရှင်တွေကို စိတ်ထဲမှာ ရင်းနှီးမိတယ် ကဗျာလေးတွေကိုလည်း အဲဒီအတိုင်းပါဘဲ…

ကဗျာဆရာကို ကျေးဇူးတော်တော်တင်တယ်ဗျ… ကျွန်တော်ဆို စိတ်ကူးပေါက်မှာမဟုတ်ဘူး…

commentinfo By: နိုးဆက် နေ့ at Jan 27, 2013
Comment #6

Thank you very much for all of my friends. I love to see you all one day if i have a chance….I have special thanks to “athaekwelcome, kantkawmg, ei lay, poohmay, and Noe shat nae, for your time and same interest….

Best regards
soe..

commentinfo By: soeoo at Jan 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment