Professional Authors

အလိုအလျောက်….

ဖြစ်ပျက်ခဲ့သမျှ
အကျိုး အကြောင်း
အကောင်း အဆိုး
အားလုံး … အားလုံး
မေ့လိုက်တော့ ….
…………………..
မေ့လိုက်တော့မယ်….
မေ့လိုက်တော့မယ်လို့….
မေ့လိုက်တော့မယ်လို့ ကြိုးစားကြည့်တယ်။

ဒါပေမယ့်…
အရာရာဟာ မနေ့တနေ့ကလိုပဲ
အမာရွတ်များက ထင်ကျန်ဆဲ
ဒီအဖြစ်တွေလဲ မေ့ဖို့ခက်ခဲ ။။။ ။။။ ။။။

တစ်ခါ တစ်ခါ
လွမ်းးး တာလား
သတိရတာလားးး
ကိုယ့်ကိုယ်ကို ဝေခွဲမရဖြစ်နေတယ်
သေချာတာကတော့
မမေ့သေးတာပဲ ဖြစ်တယ်။။ ။။ ။။

ဒီလိုနဲ့ငါ
ဖြစ်သလိုနေ
ဖြစ်သလိုစား
ဖြစ်သလို သွား လာ ခဲ့
အချစ်ကို ပေါ့ပေါ့လေး တွေးးးကြည့်
ပေါ့ပေါ့လေး နေတတ်ဖို့
ကြိုးစားကြည့်တယ်။ ။ ။ ။

 

မမေ့သေးသရွေ့

ဒီဒဏ်(အလွမ်းဒဏ်)ကို ငါ ကျေကျေနပ်နပ်

ခံစားတတ်အောင်နေမယ်။

အိပ်မက်တွေလည်း ပျက်စီးခဲ့ပြီ
မျှော်လင့်ချက်တွေလည်း မဲ့ခဲ့ရပြီ
နှလုံးသားလည်း ဒဏ်ရာ ဗလပွရခဲ့ပြီ
သင်ခန်းစာလည်း အကြီးကြီး ရသွားပြီး
မဖြစ်သင့်တာပဲလို့ တွေးတတ်ပြီ။ ။ ။။။။။။

နောက်ဆုံးတော့
ငါ ဒီလို တွေးမိတယ်
မေ့ဖို့ ကြိုးစားလည်း အချည်းနှီးပဲ
ဒီတော့ …..
ငါ့ နှလုံးသားက
(နင့်ကို)
အလိုအလျောက် မေ့သွားတဲ့တစ်နေ့
ငါ….
စောင့်စားရင်း
အချိန်သမားတော်ကြီးနဲ့
ကု                စား                 မယ်                ။ ။ ။

In: ကဗျာ Posted By: Date: Sep 8, 2011
Comment #1

wow,,,,,

commentinfo By: ei lay at Nov 6, 2011
Comment #2

ှုငါ့ နှလုံးသားက (နင့်ကို) အလိုအလျောက်မေ့သွားတဲ့ တနေ့ 
ငါ….
စောင့်စားရင်း
အချိန်သမားတော်ကြီးနဲ့  ကုစားမယ်

commentinfo By: NC at Nov 24, 2011
Comment #3

lone wa ma ya bu.

commentinfo By: ei lay at Nov 24, 2011
Comment #4

အားလုံးကို ကျေးဇူးပါ။

commentinfo By: gadounlay at Nov 28, 2011
Comment #5

kyay zu tin yin moke kway par lar.
he,,he,,

commentinfo By: ei lay at Nov 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment