Professional Authors

ခေတ်သစ်သင်္ချာသီဝရီ (ကြယ်စုတ်ကြယ်ပဲ့)

အရာအားလုံးဟာ

ဘုရားသခင် အလိုကျဆိုရင်တောင်

ဘုရားသခင်ကို ငါမုန်းမိတော့မယ်ထင်တယ်။

 

တခါတခါကျ

ငါက နီကိုရဲ မဟုတ်ဘဲ

နင်က ဒုတိယမကြည်ပြာ ဖြစ်ဖြစ်နေတာ

စိတ်နာတယ်။

 

ခုချိန်ဆို

နင်…ဘာတွေများပြောင်းလဲနေပြီလဲ…?

 

ငါလား…

ငါကတော့ ခုထိငါပါပဲ…

ညနေပိုင်းတွေ ဘောလုံးကန်တယ်…

ညဘက်တွေ နောက်ကျမှ အိပ်တယ်..

အိပ်ထဲမှာ အရက်သောက်စရာ ပိုက်ဆံမရှိရင်

ကဗျာတွေရေးတယ်…၊

အရင်အတိုင်းပဲဆိုပါတော့။

 

လွမ်းတာကတော့

နေ့တိုင်းပေါ့…

အလုပ်တွေမအားလို့ ရောက်မလာနိုင်တာလေးနဲ့တော့

ဟိုဟိုဒီဒီမတွေးစမ်းပါနဲ့…

“ငါ”ဆိုတာက

နင်ဘေးနားမှာရှိနေမှ ပျောက်နေတဲ့နံရိုးတချောင်းအကြောင်း

သတိထားမိတဲ့ကောင်ပါ။

 

စိတ်မပူနဲ့

၁ ပြီးရင် ၁ ဆိုတာသက်သေပြဖို့

ပိုက်သာဂိုရနဲ့ပါ အကြေအလည် ဆွေးနွေးပြမယ်…။

In: ကဗျာ Posted By: Date: Sep 6, 2011
Comment #1

“ငါ”ဆိုတာက

နင်ဘေးနားမှာရှိနေမှ ပျောက်နေတဲ့နံရိုးတချောင်းအကြောင်း

သတိထားမိတဲ့ကောင်ပါ။
……………..
အရမ်းကြိုက်တယ်…
ကျွန်တော်..ကြယ်စုတ်ကဗျာတွေ…တော်တော်များများ..ဖတ်ခဲ့ဖူးပါတယ်…ကြိုက်လည်းကြိုက်တယ်
အားပေးပါတယ်

commentinfo By: အသဲကွဲမိုး at Sep 7, 2011
Comment #2

ကြယ်စုရေ……….ထပ်မပြောတော့ဘူးနော်…
နံရိုးတစ်ချောင်းပိုနေတယ်လို့………..:P

commentinfo By: May Kha at Sep 7, 2011
Comment #3

ကိုကြယ်စုတ်ေ၇…အားပေးနေပါတယ်….ကောင်းတယ်လို့တော့ မပြောတော့ပါဘူး..အဲဒီထက်ပိုနေလို့ပါ

commentinfo By: ဘု၇င်မ မာယာ at Sep 7, 2011
Comment #4

ကျွန်တော်လည်းဖတ်ဖူးတယ်။ကိုကြယ်စုတ်ကြယ်ပဲ့ရဲ့ကဗျာတွေ..
တော်တော်များများကြိုက်တယ်။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 7, 2011
Comment #5

လူဆိုးလည်းအားပေးသွားပါတယ်ခင်ဗျာ .. 🙂

commentinfo By: chityellusoelay at Sep 7, 2011
Comment #6

ကောင်းတယ်ဗျာ
အားပေးသွားပါတယ်

Comment #7

da ke lar?
1 p yin 1 so tar

commentinfo By: ei lay at Feb 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment