Professional Authors

နင့်ကောင်းကင်က သက်တမ်းအတိုဆုံးကြယ် (ကြယ်စုတ်ကြယ်ပဲ့)

အမှတ်တမဲ့ငုံ့ကြည့်မိတော့
ငါ့ရင်ဘတ်မှာလဲ လှံရာဗရပွပါလား..
နင့်အတွက်ဆိုပြီး နှိမ့်နှိမ့်ပေးလိုက်ရတာ
ဘယ်လောက်တောင်များခဲ့ပြီလဲ..။

နင်ပေးခဲ့ ..
………………….
(အချစ်လို့ပဲဆိုပါစို့)
အချစ်ဆိုတာကလဲ
ကြိုးမိန့်ကျ အကျဉ်းသားတယောက်ရဲ့
နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးတာနဲ့
ဘာများကွာခဲ့လို့လဲ..
အချိန်အတိုင်းအတာလေးတခုပဲ ကွာခဲ့တာပါ

ကြာတော့…
ငါ့အချစ်ကို ငါတောင်အားနာပြီ…။

ပျော့ညံ့တယ်ပဲပြောပြော
ယောင်္ကျားမဆန်ဘူးပဲဆိုဆို
နင့်အတွက်ငါ…
ဒီတခါတော့ ငိုမယ်..။

ပြီးပီ..
ငါထွက်သွားပါပြီ…
နင့်အပါးအခစားဝင်ကြတဲ့
နင့်ရဲ့ ကျေးတော်ကျွန်တော် စာရင်းကနေ
ငါ့နာမည်စာလေးလုံးကို မှင်နီနဲ့သာ
ကြက်…ခြေ…ခတ်….လိုက် …ပါ….တော့ ။

ကြယ်စုတ်ကြယ်ပဲ့

In: ကဗျာ Posted By: Date: May 19, 2010
Comment #1

ရေးတဲ့ကဗျာတွေ အကုန်လုံးကောင်းတယ်နော် အားပေးလျှက်ပါပဲ ……

commentinfo By: su pyae at Jun 4, 2010
Comment #2

ွ…ကြယ်စုတ်ရေးတဲ့ကဗျာတွေ အကုန်လုံးကောင်းတယ်…..(ရိုက်ပေါက်) ကဗျာကလွဲရင်ပေါ့……

commentinfo By: လေပြေ at Jun 8, 2010
Comment #3

ကဗျာ တွေတိုင်းမှာ ခံစားချက်တွေ အပြည့်ပါနေ သလိုပဲ … အရမ်း ကောင်းတယ် … !

commentinfo By: Hunny Lay at Jun 9, 2010
Comment #4

ကောင်းပါတယ်

commentinfo By: khunkyaw at Jun 18, 2010
Comment #5

ရိုက်ပေါက်လည်းကောင်းပါတယ်..

commentinfo By: Cho at Aug 10, 2010
Comment #6

ကောင်းတယ်ကြီးပဲရေးနေကြတယ်နော်။တခြား စကားလုံးမရှိတော့ဘူးလားမသိဘူး။

ကိုယ့်အပေါ် တန်ဖိုးမထားတဲ့ ချစ်သူဆီကနေ အခုလို မြန်မြန်ထွက်လာ သိပ်ကောင်းတယ်။

commentinfo By: layykyoe at Jan 1, 2011
Comment #7

nice poem

commentinfo By: ei lay at Feb 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment