Professional Authors

မိရွှေယောင်သို့ တမ်းချင်း – ၃ (ကြယ်စုတ်ကြယ်ပဲ့)

မယုံပြန်ဘူးလား ရွှေယောင်ရယ်…
မမီမကမ်းနဲ့ လှမ်းခဲ့ရပေမယ့်
နင်က… ငါတကယ်ချစ်မိသွားတဲ့ နဂါးငွေ့တန်းလေးပါ။

ခိုးခိုးပြီးနမ်းခဲ့တာတွေတော့ ဗွေမယူနဲ့ပေါ့ ရွှေယောင်ရယ်…
ဘယ်သူတွေမေးငေါ့ငေါ့
နင့်နှုတ်ခမ်းတွန့် တချက်တိုင်းမှာ
ပြေးလာချော့ချင်တဲ့ကောင်ပါ။

တစ်ထောင့်တစ်ညလုံးလုံး
ပုံပြင်တွေပဲပြောရလောက်အောင်တော့
ငါမတုံးသေးဘူးဆိုရင်
နင်ကပြုံးဦးမယ်…။

ကြယ်တွေတစ်အုပ်ကြီးကြွေဦးမယ်ရွှေယောင်ရေ…
မျက်လုံးလေးတွေမှိတ်ထားရုံနဲ့ တွေ့ရမယ့်
ငါဖန်တီးထားတဲ့ ဧဒင်ဥယျာဉ်
နင့်ကို ကိုယ်တိုင်မြင်စေချင်ပြီ…။

စာမျက်နှာတွေပေါ် တက်တက်လွမ်းရတာတော့
အချစ်တွေ ဈေးကျတယ်ရွှေယောင်…
ဖယောင်းကောင်းကောင်းနဲ့သက်သေပြချင်တာမို့
…..
နင်ပြန်လာဖို့ လိုတယ်။

In: ကဗျာ Posted By: Date: Jan 26, 2012
Comment #1

စာမျက်နှာတွေပေါ် တက်တက်လွမ်းရတာတော့
အချစ်တွေ ဈေးကျတယ်ရွှေယောင်…
ဖယောင်းကောင်းကောင်းနဲ့သက်သေပြချင်တာမို့
…..
နင်ပြန်လာဖို့ လိုတယ်။..၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊.အရမ်းကြိုက်ပါတယ်၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
( ကြယ်စုတ်ကြယ်ပဲ့ ပျောက်နေတာကြာနေပြီကော..ကဗျာတွေကို အားပေးနေပါတယ် )

commentinfo By: sharon myorr myor at Jan 27, 2012
Comment #2

အရမ်းကောင်းတဲ့ကဗျာလေးပါပဲဗျာ….
အားပေးနေပါတယ်….
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Jan 27, 2012
Comment #3

စာမျက်နှာတွေပေါ် တက်တက်လွမ်းရတာတော့
အချစ်တွေ ဈေးကျတယ်ရွှေယောင်…
ဖယောင်းကောင်းကောင်းနဲ့သက်သေပြချင်တာမို့
…..
နင်ပြန်လာဖို့ လိုတယ်။

နှစ်သက်စွာအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 27, 2012
Comment #4

a khu pyan lar p loh,,

commentinfo By: ei lay at Jan 27, 2012
Comment #5

ကိုကြယ်စုတ်ကြယ်ပဲ့ မရေးတာတော်တော် ကြာပြီနော်………။အကို့ရဲ့ ပရိတ်သတ်ပါ။အားပေးသွားပါတယ်။

commentinfo By: ngetnge at Jan 27, 2012
Comment #6

ကြယ်တွေတစ်အုပ်ကြီးကြွေဦးမယ်ရွှေယောင်ရေ…
မျက်လုံးလေးတွေမှိတ်ထားရုံနဲ့ တွေ့ရမယ့်
ငါဖန်တီးထားတဲ့ ဧဒင်ဥယျာဉ်
နင့်ကို ကိုယ်တိုင်မြင်စေချင်ပြီ…။

commentinfo By: ကြယ်စစ်သည် at Jan 27, 2012
Comment #7

read again par

commentinfo By: ei lay at Feb 12, 2012
Comment #8

So much touching

commentinfo By: ei lay at Sep 9, 2012
Comment #9

စာမျက်နှာတွေပေါ် တက်တက်လွမ်းရတာတော့
အချစ်တွေ ဈေးကျတယ်ရွှေယောင်…
ဖယောင်းကောင်းကောင်းနဲ့သက်သေပြချင်တာမို့

commentinfo By: cherry4cheery at Sep 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment