Professional Authors

ဝဋ်ကြွေး (ကြယ်စုတ်ကြယ်ပဲ့)

လာပြန်ပြီတစ်ယောက်….

ကိုယ့်ဟာကိုယ်ကြိုက်လို့သောက်တဲ့အရက်

သူ့ကြောင့်ပါလိုလို ခေါင်းစဉ်ပေး

လူရှေ့သူရှေ့ဆို ငိုပြတတ်သေးတယ်…။

 

ရှက်လို့အောင့်ကာချော့ကာမှ

ဘလိုင်းကြီး ရင်ခွင်ထဲတိုး…

(စိတ်ပိန်လိုက်ပုံများ….)

“ကို …အရမ်းဆိုးတယ်” တဲ့။

 

ဆေးရောင်စုံမျက်နှာပေါ်က

မျက်ရည်စီးကြောင်းအမည်းကြီး

စိတ်ရှိလက်ရှိသာဆို

နားရင်းပိတ်တီးပါတယ်…။

 

အခွင့်အရေးကောင်းဆို

လက်လွှတ်မခံတတ်တဲ့အထဲမှာ

နင်က ဒိုလေးထက်တောင်သာမယ်…

နည်းနည်းတော့ ခွာ ကွယ်။

 

မတော်…

အင်္ကျီပေါ် နှုတ်ခမ်းနီထပ်စွန်းလို့

ဒီတစ်ခါလည်း အရွယ်အရောင်ကွဲရင်

(ငါ့ကိုလေ….)

“မေမေ   ဆဲလိမ့်မယ်” ဟဲ့….

In: ကဗျာ Posted By: Date: Sep 22, 2012
Comment #1

ဟဟဟ….goodတယ်ဗျ…
ကြိုက်တယ်..အကို

commentinfo By: poem.poem28 at Sep 24, 2012
Comment #2

ရှာလိုက်ရတာ

ဆရာ့ကဗျာလေးတွေကိုကြိုက်လွန်းလို့ 

commentinfo By: Nothing Special at Jul 30, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment