Professional Authors

မိရွှေယောင်သို့တမ်းချင်း – ၂ (ကြယ်စုတ်ကြယ်ပဲ့)

အိပ်မက်ဆိုးတွေ မက်တယ် ရွှေယောင်

ညတာတွေက ရှည်ရတဲ့ကြားမှာ

ငါ့ကို လှမ်းလှမ်းမပြုစားစမ်းပါနဲ့လား…။

 

ဘေးမှာ လာထိုင်ရင်လည်း ထိုင်ပါလား

အရင်ကလို သီချင်းတွေ၊ပုံပြင်တွေနဲ့

ကြယ်တွေတအုပ်ကြီး ငါခြွေချပေးမယ်လေ…။

 

မဖြစ်နိုင်မှန်းတော့ သိတာပေါ့ ရွှေယောင်ရယ်

ဒါပေမယ့် တစ်နေ့ ရှစ်နာရီအိပ်ဖို့ ဆိုတာက

ငါ့အတွက် ခက်ခဲလွန်းပါတယ်…။

 

ကန့်လန့်ကာ အခြားမှာကတည်းက

ငါ့အလွမ်းတွေ ရောင်းတန်းမ၀င်ဖြစ်ခဲ့တာ

ငါသိခဲ့ပါတယ်  ရွှေယောင်…

ဒါပေမယ့်

ရင်ဘတ်ထဲကသာ နာတာ

စိတ်က မနာတတ်သေးတာက

….

ခက်တယ်…။

 

မခနဲ့ချင်စမ်းပါနဲ့ ရွှေယောင်

ခေါင်းအကြိမ်ကြိမ် အရမ်းခံခဲ့ရတာတောင်

နင့်အသံကြားရင်

ဟိုးအဝေးကြီးကနေ ပြေးလာချင်တဲ့ကောင်ဆိုတော့

တခါတခါ…

ယောင်္ကျားဈေးဘယ်လောက်ပေါက်လည်း

မေးရမှာတောင် ကြောက်တယ်…။

 

နင့်အတွက်ဆို

ဘယ်နှစ်ရွာပြောင်းရ ပြောင်းရ

သူကောင်းဖြစ်ချင်တဲ့ကျားပါ ရွှေယောင်

ရိုးရိုးလေးပြောရရင်တော့…

အရမ်း…ချစ်နေတုန်းပဲ…..။

In: ကဗျာ Posted By: Date: Jan 16, 2011
Comment #1

ရွေယောင်ကိုတော့ သနားပါတယ် ခဏ ခဏ ခလုတ်တိုက်မိနေမှာပဲ …..ဒါပေမဲ့ ကိုကြယ် တမ်းတ တာကို .နောက်ထပ် နောက်ထပ်….ဆက်ပြီး……………..

အ၇မ်းကောင်း၏။

commentinfo By: dan at Jan 16, 2011
Comment #2

အ၇မ်းကောင်းတယ်ဗျာ……ကိုကြယ်

commentinfo By: genius.jinx28 at Jan 17, 2011
Comment #3

ကြိုက်တယ်။
ကျေနပ်ဖို့ ကောင်းလောက်အောင်ကောင်နေတဲ့ ခေတ်သစ်တမ်းချင်းတစ်ပုဒ်ရဲ့ ဝိသေသတွေနဲ့ မို့ ကြိုက်တယ်။။။။။

commentinfo By: မင်းလူန at Jan 17, 2011
Comment #4

ကောင်းနေတဲ့ ခေတ်သစ်တမ်းချင်း

commentinfo By: မင်းလူန at Jan 17, 2011
Comment #5

ကောင်းလှချည်လား

commentinfo By: အိမ်မက်နွေ at Jan 17, 2011
Comment #6

ကောင်းတယ်..ချစ်စရာလေး…..

commentinfo By: အသဲကွဲမိုး at Feb 9, 2011
Comment #7

နင့်အတွက်ဆို

ဘယ်နှစ်ရွာပြောင်းရ ပြောင်းရ

သူကောင်းဖြစ်ချင်တဲ့ကျားပါ ရွှေယောင်

ရိုးရိုးလေးပြောရရင်တော့…

အရမ်း…ချစ်နေတုန်းပဲ…..။

commentinfo By: ခင်ဘုန်းနေ at Jun 15, 2011
Comment #8

heart hti twar p naw

commentinfo By: ei lay at Feb 12, 2012
Comment #9

A yan chit nay tone pe

commentinfo By: ei lay at Sep 9, 2012
Comment #10

ရိုးရိုးလေးပြောရရင်တော့…

အရမ်း…ချစ်နေတုန်းပဲ .

commentinfo By: cherry4cheery at Sep 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment