Professional Authors

အမှတ်မရှိတဲ့ ချစ်လူမိုက်

ပတ်ဝန်းကျင်က စွပ်စွဲနေပေမယ့်
စိတ်မှာလွှဲဖယ်ခဲ့တယ်..၊
ရည်းစားတွေများ ယောက်ျားတွေထည်လဲတွဲလည်း
မိုက်မိုက်မဲမဲ နဲ့ ချစ်ရဲခဲ့တယ်.. ၊
အခုတော့လည်း ကိုယ့်အဖြစ်နဲ့ကိုယ်
အသည်းကွဲလို့တောင်မှ
ရဲရဲဝံ့ဝံ့ မလွမ်းနိုင်ရှာဘူး…။

အရှေ့က ယောက်ျားအများ
ခံစားသွားရတာမြင်ပေမယ့်…
ငါထားတဲ့ သစ္စာတရားကို
ယုံကြည်ထားတယ်…၊
ပြန်သွားဖို့ နှုတ်ဆက်ခဲ့ပေမယ့်
ပြန်လာဖို့ ဆက်ရန်မပါခဲ့သူ..၊
ငါ့မှာတော့ အချစ်ကြီးသူမို့
မီးလိုပူခဲ့..။

မျက်နှာတွေများသူကိုမှ ချစ်ခဲ့မိတဲ့အမှား
ခံစားခဲ့ရတာတွေအတွက်
နှလုံးသားမှာ တံဆိပ် ကပ်ထားတယ်..၊
နင်တစ်ယောက်မှလွဲ ငါ့ရင်ခွင်ထဲ
ဘယ်သူမှမလာရ..။    ။

 

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Sep 6, 2011
Comment #1

နှလုံးသားမှာ တံဆိပ် ကပ်ထားတယ်..၊
နင်တစ်ယောက်မှလွဲ ငါ့ရင်ခွင်ထဲ
ဘယ်သူမှမလာရ..။

Comment #2

နှလုံးသားမှာ တံဆိပ် ကပ်ထားတယ်..၊
နင်တစ်ယောက်မှလွဲ ငါ့ရင်ခွင်ထဲ
ဘယ်သူမှမလာရ..။ ။
ကပ်ထားတယ်ကပ်ထားတယ် ကိုဇော်သက်ဦး
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 6, 2011
Comment #3

မျက်နှာတွေများသူကိုမှ ချစ်ခဲ့မိတဲ့အမှား
ခံစားခဲ့ရတာတွေအတွက်
နှလုံးသားမှာ တံဆိပ် ကပ်ထားတယ်..၊
နင်တစ်ယောက်မှလွဲ ငါ့ရင်ခွင်ထဲ
ဘယ်သူမှမလာရ..။ ။ GOOD 😛

commentinfo By: chityellusoelay at Sep 6, 2011
Comment #4

ကဗျာနောက်ဆုံးအပိုဒ်လေး တယ်မိုက်တယ်ဗျာ အားပေးသွားပါတယ် ။

commentinfo By: X - ray at Sep 7, 2011
Comment #5

he,,he,,
hote de naw,,
a yan chit de thu,,po p chit ya de thu tway pe khan sar ya dar,,
dar pay me le,,a hmat ma shi bu,,,
he,,he,,
toe loh tar u me.

commentinfo By: ei lay at Sep 10, 2011
Comment #6

မင်းက ရည်းစားများတာ ဟုတ်ဝူးလား….

commentinfo By: sandi at Nov 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment