Professional Authors

ကောင်မလေးသို့ ….။။။

ကောင်မလေးရေ…
မင်းထွက်သွားတဲ့နောက်
ငါ့မှာတော့ အကြင်နာအနမ်း၊
တမ်းတမှန်းရင်း
အဆွေးရိပ်ပို၊ လွမ်းရင်း ငိုမိတယ်ကွယ်။။။။

ကောင်မလေးရေ…
မင်းထားခဲ့တဲ့နောက်
အပြုံးမပျက်၊ ပွေ့ဖက်ခါ နှုတ်ဆက်ခဲ့ပေမယ့်
အခုတော့ ဂုဏ်သိက္ခာတွေ ခဝါချ
လမ်းထိပ်ကို ထွက်ထွက်မျှော်ရတာလည်း
အခါခါပေါ့ကွယ်။။

ရက်မှလပြောင်း
လမှ နှစ်ပြောင်း …။။
ရာသီတွေဟောင်းပြီးနောက် ။။
အတိတ်ပုံရိပ် အတွေးစိတ်မှာ
နင်နဲ့ငါ….
ငါ့ကို နင် ထားခဲ့တာလား
နင့်ကို ငါထားခဲ့တာလား ငါမသိတော့ဘူးဟာ…

သေချာတာတစ်ခုကတော့
ငါတို့နှစ်ယောက် ပြန်မဆုံနိုင်အောင် ဝေးခဲ့ကြတာပဲ။။။

(သုခေတ် : ကိုယ်တိုင်ရေးသည်။

In: ကဗျာ Posted By: Date: Dec 12, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment