Professional Authors

အမှတ်မရှိခြင်း

ဘာတွေလဲ လောကကြီးက
နည်းနည်းပဲ ပေးပြီး
အများကြီးယူတယ်
အနားမှာရှိတယ်
သူမဟုတ်ဘူး
ကြားနေရတယ် အသံတွေ
သူမပါဘူး
ပေးထားရတာ ရင်တစ်အုံလုံး
ခွဲထားတော့လည်း ငါ့အချစ်ဆုံး( သူနဲ့ မှ )
ရီတတ်ပါတယ် ခဏပေါ့
ငိုပြရမလား ရက်ပေါင်းများစွာ
အငိုထူတယ်ပဲ ပြောမလား
ရောသမမွှေလိုက်မယ်
နာကျည်းချက်တွေနဲ့ အလွမ်းကို
ထွက်လာပါလိမ့်မယ် အဖြေ
အဲဒီကောင်ပေါ့ မျက်ရည်……

ကြက်ခြေခတ် X

 

In: ကဗျာ Posted By: Date: Aug 7, 2010
Comment #1

ရောသမမွှေလိုက်မယ်
နာကျည်းချက်တွေနဲ့ အလွမ်းကို
ထွက်လာပါလိမ့်မယ် အဖြေ
အဲဒီကောင်ပေါ့ မျက်ရည်……

တိုက်ဆိုင်တယ်

commentinfo By: Cho at Aug 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment