Professional Authors

ဒသအသည်းမမဲဘူးလေ

မနေပရစေနဲ့လား………
ရင်ခွင်ကိုခွဲ တဲ့
ဒီစကား
ဒါ ဟာ
ခွဲ ခြားခြင်းလေ
ဒီမယ် ဒေ၀ီ
ချစ်လွန်းလို့
ငါမိုက်
ရိုင်းစိုင်းခဲ့တာပါ
မြင်မြင်ခြင်းရူး
စိတ်ကူးတွေနဲ့
လူးခဲ့ရတဲ့ငါ့ဘ၀ပါ
ငါဟာ ကြမ်းတမ်းခက်ထန်ပေမယ်
မျက်နှာစိမ်းလိုချစ်တတ်တဲ့အသည်း
ငါ့ရင်ဘက် ဘယ်ဘက်အခြမ်းမှာ
အကြီးကြီးရှိလေရဲ့
ပုဝါထည်ကို ဖယ်ပါသီတာ……….။
ဘာကြောင့်ငါ့ကို
ဗီလိန်လို့ထင်နေရတာလဲ
ငါတိုင်းပြည်
ငါချစ်သူ
ငါရဲ့ အရာရာ
ဆုံးရှုံး၇တာ
ငါ့ ခေါင်းဆယ်လုံးက
အကူအညီ
မပေးနိုင်တဲ့အဆုံး
ခပ်ညံညံ အတွေး
တစ်ခုနဲ့
သန်လျှက်ကိုစွဲ
ငါ့မိုက်ပွဲ ငါဝင်ခဲ့တာပါ
ပုဝါထည်ကို ဖယ်ပါ သီတာ…..။
မျက်ရည်အဆုံး
လက်တွေကလည်း
တုံးပါဘိနဲ့
ရာဇ၀င် စာကတင်တဲ့
ဒီအချစ်ရေး
ငါ လက်လွှတ်လို့ဘယ်ဖြစ်မလဲ
ပုဝါထည်ကို ဖယ်ပါသီတာ……….။
မင်းရဲ့ ရုပ်လွှာ
ထိုပေစာကို
ငါတွေ့ ငါမြင်ကတည်းက
တော်တော်ခက်တဲ့
နှလုံးသား စွဲမိချေရဲ့
လင်္ကာဒီပ တနယ်လုံး
ငါသာအမိုက်ဆုံးဆိုချေရဲ့
သီတာရေနင့်ကြောင့်
ငါ့အမျိုးငါ့အနွယ် တွေ
ငါ့ကြောင့် ပျက်ချေရော့ပြီ
့ပုဝါထည်ကို ဖယ်ပါသီတာ………။
ငါချစ်ရတဲ့
သီတာရေ……
မင်သိဖို့
တစ်ခွန်းလောက်တော့ပြောပရစေ
ခက်ထန်ပေမယ့်
နုနယ်ရွယ်
အကောင်းကြိုက်တယ်လို့
မဆိုပါနဲ့
နှလုံးရဲ့အလို
အကြိုက်ကို
လိုက်လျောတာမဟုတ်ပေမယ့်
မင်းရုပ်လွှာ
ငါမြင်ကတည်းက
ငါ့မျက်လုံးတွေ မီးပွင့် မိတယ်လေ
ပုဝါထည်ကို ဖယ်ပါသီတာ………။
မင်းသိဖို့က တစ်ခုတည်းလေ
ဒသအသည်းမမဲ ဘူးဆိုတာပဲ…..။

In: ကဗျာ Posted By: Date: Sep 5, 2011
Comment #1

မင်းသိဖို့က တစ်ခုတည်းလေ
ဒသအသည်းမမဲ ဘူးဆိုတာပဲ…..။ …..မိုက်တယ်……

commentinfo By: sharonmyorrmyor at Sep 5, 2011
Comment #2

လင်္ကာဒီပချစ်သူ……………………………….

commentinfo By: အသဲကွဲမိုး at Sep 5, 2011
Comment #3

he,,he,,
sate nyit like tar naw..
bar phyit le,,bar phyit le,,,
a tar me tar ne pe shone ya dot hmar lar?
bar hma ma sine bu.
a tar me dot pa da myar kha de.
a tar phyu dot a la kar lu de.(ei lay par bu naw)

commentinfo By: ei lay at Sep 5, 2011
Comment #4

အားပေးသွားပါတယ် ကိုဒေဝေါ

Leave Comments

Name*

Email*
Website
Email me whenever there is new comment