Professional Authors

အချစ်ရှုံးသမား ဒဿဂီရိ

ဒီမယ် သီတာ …
တစ်ပြည်တစ်ရွာက
မြောပါလာခဲ့တဲ့ မင်းရုပ်လွှာ
ကံကြမ္မာလှည့်စားချက်ကြောင့်
ငါ့နှလုံးသားထဲ တည့်တည့်ဝင်တိုးခဲ့တာပါ … ,

အမုန်းမပါတဲ့ ချစ်ခြင်းတွေနဲ့
ဟင်းလင်းပြင်ဒီရင်ဘက်ထဲ
ဘောင်ဘင်ခတ်အောင် ချစ်ခဲ့မိတယ်
ပြစ်မျိုးမှဲ့မထင် အပြုံးတွေကို
ငါ့ရဲ့ …. ရင်ထဲ စွဲလမ်းခဲ့ပေါ့ …. ,

လေးတင်ပွဲမှာ ဟန်ချက်လွဲခဲ့လို့
မင်းရဲ့အချစ်နဲ့ လွဲခဲ့ရတယ်
ဒါပေမဲ့ သီတာရယ်
ရင်ထဲကပန်းတစ်ပွင့်ကို
လှမ်းလင့်ကာ ပိုင်ဆိုင်လိုစိတ်ကြောင့်
ရာဇဝင်မှာ ဇာတ်ကြမ်းသမားဖြစ်ခဲ့ရတာပါ …. ,

အချစ်နဲ့ စစ်မှာ
မတရားတာမရှိဘူးတဲ့
ဒါပေမဲ့ … သီတာ
ငါဟာ ဖြူစင်တဲ့အချစ်တွေနဲ့
မြတ်နိုးခဲ့တာပါ …. ,

လူတွေကပြောကြတယ်
အချစ်ရှုံးသမား ဒဿဂီရိတဲ့
ငါ … အချစ်မရှုံးဘူး သီတာ
ငါ … အချစ်မရှုံးခဲ့ဘူး
ဘယ်တော့မှလည်း မရှုံးဘူး …. ,

မညီမျှခဲ့တဲ့
တစ်ဖက်သက်အချစ်ကြောင့်
စွဲချက်တွေတင်ခံရတာပါ …. ,

ငါဟာ
ခေါင်းဆယ်လုံးနဲ့ ဒဿဂီရိ
ဒါပေမဲ့ မျက်နှာမများခဲ့ဘူး
နင့်ကိုချစ်တဲ့ ငါ့နှလုံးသားကတော့
တစ်ခုတည်းပါ သီတာ …. ,

သီတာဒေဝီရေ …
ဖြစ်နိုင်မယ်ဆိုရင်လေ
ရာဇဝင်ကို အသစ်ပြင်ပြီး …

” နင့်ကို ငါ ဘယ်လောက်ထိချစ်တဲ့အကြောင်း
သိသွားစေချင်ပါတယ် ” ။ ။ ။

In: ကဗျာ Posted By: Date: Apr 20, 2013
Comment #1

ဇတ်ကောင်းလို့ဓါးတောင်းသလား ဒဿ
သီတာဟာ ငါ့မယား မောင်မင်း အပါယ်လားမှာ နဲနဲ မှမကြောက်လေရော့သလား…:D
အားပေးသွားပါတယ် ဗျ…..

commentinfo By: ဇော်ထိုက် at Apr 20, 2013
Comment #2

Nice creation
Best choice of words

commentinfo By: ei lay at Apr 22, 2013
Comment #3

ဒဿဟာအမှန်တရားပါ

commentinfo By: ShineHtet at Nov 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment