လင်္ကာဒီပချစ်သူ (သို့) ရာဝဏနှလုံးသား (နှောင်ကြိုးသစ်)
ဘဝဂ်ညံအောင် သြဘာသံတွေ
ဒြာဝီဒီယာန်တိုင်းသား လင်္ကာဒီပတို့ရဲ့
ထီးဆောင်းမင်းအဖြစ် ပလ္လင်ထက်ကို
ငါတက်ခဲ့ပြီ ………………။
ခွန်အားကို တံခွန်စိုက် ၊ သတ္တိကို အလံလွှင့်ရင်း
သူရာတို့နဲ့ မာဃမင်း စစ်သလင်းမှာ
သူရာတိုင်းဘက် စစ်ကူခဲ့ရဲ့
မင်းအသူရာ ဆက်သလာတဲ့
စစ်မြင်းဆယ်ကောင် ‘က’တဲ့ ရထား
သူရာအိုးတွေက ငါ့အောင်ပွဲပဲ ……..။
ရှတတနဲ့ အနံ့ ပြင်းတဲ့ ယစ်ရွှေရည်ရဲ့
စွမ်းအင်ထဲ ခတ်ကူးနေတဲ့ ငါ့ကို
ပြုပြင်စေဖို့ ဘရသေ့က မှော်ရုံမြိုင်ထဲ
တရားကျင့်စေခဲ့ပြီ ………………။
စိတ်အစဉ်ချမ်းမြေ့စွာ စမ်းချောင်းနဘေး
ထိုင်နေတုန်း ရုပ်လွှာတစ်ခု မျောလာခဲ့
ငါဆယ်ယူလိုက်မိ ………………။
ရင်ခွင်တစ်ခုလုံး ပွင့်ထွက်သွားတာလား
ရုပ်ပုံလွှာက ငါ့နှလုံးသားထဲဝင်ရောက်
‘သီတာ’ဆိုတဲ့ နာမည်ရင်ထဲစွဲထင်နေပြီ
ကျေးငှက်သံတွေ ငါမကြားတော့
ဘယ်အရာမှ မသာယာတော့ဘူး
‘သီတာ’ ………………။
အရိယာန်တွေကြား ရဲဝံ့စွာ ခြေလှမ်းနှင်
လေးတော်ကို မာန်ကုန်ဝင့်ပြီး မ အတင်
အခန်းကွယ်ကချစ်သူ့ မျက်ဝန်းကိုတွေ့ရဲ့
ငါ့အားအင်တွေ ဘယ်ရောက်ကုန်ပြီလဲ
လေးညှိ့တင်ဟန်ပြင်တုန်း ကြောက်ရွံ့သွားတဲ့
ချစ်သူ့မျက်နှာ
ငါ့စိတ်တွေ လွင့်စင်ကုန်ပြီ
ငါမတင်နိုင်တော့ဘူး ………………။
မင်းသားရာမနဲ့ ပျော်မြူးနေတဲ့
‘သီတာ’ ပုံရိပ် အတွေးထဲဝင်ခဲ့
ငါ့နှလုံးတွေ ကွဲကြေ ပျက်စီး
အလွမ်းခတဲ့ည အချစ်ကို
ငါသိသွားပြီ ‘သီတာ’………………။
မှော်ရုံမြိုင်ထဲ ရာမနဲ့အတူ
ခရီးနှင်လာတဲ့ ‘သီတာ’
ငါ့ နှမတော်ကို စတေးပြီး
မင်းကိုခိုးယူခဲ့ရဲ့
အတ္တဖုံးတဲ့ နှလုံးသားကြောင့်
အလင်းအမှောင် မသိခဲ့
အချစ်ကို ပိုင်ဆိုင်မှု အဖြစ်
ငါရွေးချယ်ခဲ့မိပြီ ………………။
ခါးသီးတဲ့ အကြည့်တွေ
ရက်စက်တဲ့ စကားလုံးတွေအောက်
အကြိမ်ကြိမ်ခံစားရတာ
ငါ့နှလုံးသားနွမ်းနေပြီ ‘သီတာ’ ……။
ညီတော် သစ္စာဖောက်ပြီ
ရာမနဲ့ပေါင်းပြီး ငါ့ထံကမင်းကိုခိုးယူ
ရာမရင်ခွင်ထဲ ပြန်ရောက်သွားတဲ့
မင်းအတွက်
မင်းအချစ်တော် ရာမကို
စစ်ခင်း ၊ အရိယာန်တွေကို
ငါသတ်မယ် ………………။
မိုးချုန်းသံတွေလို စစ်ချီသံညံစီ
မြှားသံတွေ ဓားသံတွေဝင့်တဲ့
ကြွေးကြော်သံတွေကြား
စစ်မြင်းဆယ်ကောင် ‘က’တဲ့ရထားပေါ်က
ငါလိုက်ပါရင်း ရာမကို ရှာမိရဲ့
မြှားတစ်စင်း ပစ်လွှတ်လိုက်တဲ့ ရာမ
ငါတွေ့လိုက်ပြီ ………………။
စူးဝင်လာတဲ့ မြှားချက်တွေ
ငါ့ရင်အပြည့် ‘ခ’ ကုန်ကြရဲ့
မြှားချက်တွေထက် နာကျင်တဲ့ ဝေဒနာ
ငါ့နှလုံးသားမှာ ဖြစ်ပေါ်နေပြီ
တစ်ခါမှ မကျဘူးတဲ့မျက်ရည်
ဝမ်းနည်းခြင်းနဲ့ စွန့်လွှတ်ခြင်း
ငါ့ရင်ခွင်ထဲဘာတွေဖြစ်နေတာလဲ
” သီ..တာ..ရယ်” ………………။
Comment #2
oh,,,,
so much nice,
By: ei lay at Sep 1, 2011
Comment #4
ဟုတ်တယ်………………… ဖတ်ရတာကျေနပ်ပါတယ်
By: May Kha at Sep 1, 2011
Comment #5
မို က် တ ယ် ဗျ …….။ 🙂
By: terry at Sep 1, 2011
Comment #6
အားပေးသွားပါတယ်
By: Red Demon at Sep 1, 2011
Comment #7
စူးဝင်လာတဲ့ မြှားချက်တွေ
ငါ့ရင်အပြည့် ‘ခ’ ကုန်ကြရဲ့
မြှားချက်တွေထက် နာကျင်တဲ့ ဝေဒနာ
ငါ့နှလုံးသားမှာ ဖြစ်ပေါ်နေပြီ
တစ်ခါမှ မကျဘူးတဲ့မျက်ရည်
ဝမ်းနည်းခြင်းနဲ့ စွန့်လွှတ်ခြင်း
ငါ့ရင်ခွင်ထဲဘာတွေဖြစ်နေတာလဲ
” သီ..တာ..ရယ်” ………………။
By: အသဲကွဲမိုး at Sep 5, 2011
Comment #8
အရိယာန်တွေကြား ရဲဝံ့စွာ ခြေလှမ်းနှင်
လေးတော်ကို မာန်ကုန်ဝင့်ပြီး မ အတင်
အခန်းကွယ်ကချစ်သူ့ မျက်ဝန်းကိုတွေ့ရဲ့
ငါ့အားအင်တွေ ဘယ်ရောက်ကုန်ပြီလဲ
လေးညှိ့တင်ဟန်ပြင်တုန်း ကြောက်ရွံ့သွားတဲ့
ချစ်သူ့မျက်နှာ
ငါ့စိတ်တွေ လွင့်စင်ကုန်ပြီ
ငါမတင်နိုင်တော့ဘူး ………………။
မင်းသားရာမနဲ့ ပျော်မြူးနေတဲ့
‘သီတာ’ ပုံရိပ် အတွေးထဲဝင်ခဲ့
ငါ့နှလုံးတွေ ကွဲကြေ ပျက်စီး
အလွမ်းခတဲ့ည အချစ်ကို
ငါသိသွားပြီ ‘သီတာ’………………။
ရေလည်ထိတယ်ဗျာ…..^_^
By: SaiLin at Mar 8, 2012
Comment #9
i read 5 times.
i like more & more whenever i read this poem
By: ei lay at Mar 8, 2012




Comment #1
အတ္တဖုံးတဲ့ နှလုံးသားကြောင့်
အလင်းအမှောင် မသိခဲ့
အချစ်ကို ပိုင်ဆိုင်မှု အဖြစ်
ငါရွေးချယ်ခဲ့မိပြီ ……..။
ကောင်းတယ်ဗျာအားပေးပါတယ်။