Professional Authors

လူ

မီးရှုးသန့်စင်
လူရယ်ဖြစ်လို့
ဝန်းကျင်ထိမှာ
ဝါးဝါးရယ်ငို
လူမမယ်ထို…..။
အရေးအဖတ်
အတတ်ကယ်သင်
ဆွေမျိုးမိဘ
အချစ်ရကာ
ကျောင်းသားဖြစ်အင်….။
တစ်ယောက်တစ်မျိုး
အလှ မျိုးမို့
လူသားချင်းအင်
အချစ်မှင်ကို
ရှာတွေ့ ခဲ့ခြင်း….။
တစ်အိမ်ထူထောင်
သားစောင့် မယားစောင့်
မျိုးစုံကြိုးစား
ဘက်စုံထွန်းကား
လူရဲ့ဖြစ်အင်…။
စိတ်၏ချမ်းသာ
ကိုယ်ချမ်းသာသော
ငြိမ်းချမ်းအမှန်
မြတ်ဗိမာန်ကို
ှရှာတွေ့ခဲသည်…။
မျိုးစုံပြောင်းလဲ
ငယ်မှ အကြီး
ကြီးမှ ရင့်ကျက်
ခွဲခွာဆုံတွေ့
မျိုးစုံကြုံတွေ့
ဘ၀သဘော
လူမနောကို
နားလည် ဖန်ဖန်
ဖြတ်သန်းခဲ့ပြန်
ထိုမှတဖန်
လူရဲ့ လူအနှစ်ဖြစ်သော
တရားကိုတွေ့
မနောခွေ့လို့
စိတ်ငြိမ်းချမ်းမှု
ကိုယ်ချမ်းသာရာ
ရှာဖွေကာဖြင့်
မရဏလမ်း
ကောင်းရန်အသွင်
ဘုရားစကား
တရားအနားမှာ
လူတို့ပျော်ကာ
မွေးရာမှ ပြန်
သေခြင်းတဖန်
လာခဲ့ချေပြီ…။
မပူလေနှင့်
သင်လည်းပါသည်…။

In: ကဗျာ Posted By: Date: Sep 3, 2011
Comment #1

hote e.
hman e.

commentinfo By: ei lay at Sep 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment