Professional Authors

အိပ် မရသော ညတစ်ည

လျှပ် နွယ် တံခိုး
ထစ် ချုန်း မိုးသို့
သူ လေ ရွာသွန်း
စိတ် ထဲ စွန်းပြီး
မာန် ထောင် မာန
မျက် မချ ဘဲ
တောင် မှ တချီ
မြောက်ပြန် တယိမ်း
အတိမ်း တိမ်းဖြင့်
အလိမ်းလိမ်းတက်
ထိုမှ မြင့်လို့
ဒီ ရေ ပင့်ကာ
ဝူးဝူ ၀ါးဝါး
သူ ငြီးတွားကာ
အား ရှိသမျှ ထန်
မာန် ရှိသမျှ သုံး
အမှောင် ကြီးစိုး
သူ လေ မိုးပြီး
ခြိမ်းလည့် တစ်ခါ
ခြောက်ခါတစ် လှည့်
ဖျက် အားကြီးမို့
နာဂစ်ဟုပေး
အမည် ဆိုးကာ
မေ (၂) ရက် က ၀င်ကာတိုက်လို့
အသက် အိုးအိမ်
စည်း စိမ် ပင် များ
အလိပ် လိပ်တက်
လှိုင်းဖြင့် ဖျက် ကာ
သူ လေ ဆိုးသွမ်း
မျိုးစုံ ကြမ်းကာ
ဘ၀ မျိုးစုံ
အတိရောက်လို့
ပျောက်မှု စုံ စွာ
ဖြစ်စေခဲ့သော
ထိုနေ့သည် ကား……။

In: ကဗျာ Posted By: Date: Feb 9, 2011
Comment #1

nice words,

commentinfo By: ei lay at Aug 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment