Professional Authors

ဝေးကွာခြင်းနှင့်ကခုန်ခြင်း

အနေနီးခြင်းဆိုတာက
အချစ်ကို သတိပေးနိုင်တဲ့
အချက်ပေးခေါင်းလောင်းတစ်ခုပေါ့….။
ရင်ခုန်သံတွေရဲ့
အချက်ပေးမှု့ နောက်ကွယ်ကနေ
သံစဉ်လှလှစာသားတစ်ချို့
ပေါ်ထွက်လာကြလေရဲ့…။
ကျွန်တော်ကတော့
အဲ့ဒီသံစဉ်နဲ့စာသားတို့ကို
အချိုးကျကျ
ပေါင်းစပ်ဖို့ကြိုးစားခဲ့တာ…။
ဒါပေမဲ့လည်း
ကံကြမ္မာကတော့
ဓါတ်ပြုခြင်းရလဒ်မထွက်ခင်မှာပဲ
ကျွန်တော်ရဲ့ ဓါတ်ခွဲခန်းလေးကို
သိမ်းဆည်းသွားကြလေရဲ့ဗျာ…။
အခုတော့ ဘာမှမရှိတော့ဘူးပေါ့
ဒါပေမယ့်
တမ်းတခြင်းရဲ့နောက်ကွယ်ကနေ
အချက်ကျကျ စည်းချက်ကလေးတော့
လိုက်ဖြစ်ခဲ့သေးတယ်…။
တော်တော် ကြာမှ
သတိထားမိခဲ့တယ်
သူမကျွန်တော်အနားမှာမှ
မရှိတော့ဘဲ
သူမ  ကအခုနောက်တစ်ယောက်နဲ့လေ….။

ဓါတ်ပြု

In: ကဗျာ Posted By: Date: Aug 29, 2010
Comment #1

သူမက အခုနောက်တစ်ယောက်နဲ့ လေ..
ဝေးကွားသွားတာန့ဲ တန်း ကခုန်ပုံ ရတယ်

Comment #2

hinnn
sate nyit like tar naw,,,,,

a ywe tike nay tar lar hma ma ti tar,,,fri.

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment