Professional Authors

အဓိကမှတ်စုစာအုပ်

 

အဓိကမှတ်စုစာအုပ်

 

တစ်ပတ်နွမ်းစိတ်ဓာတ် တစ်ပတ်ရိုက်ခံလိုက်ရတဲ့ တစ်ပတ်လျှိုဆံထုံး ဖြေလျော့ခံလိုက်ရ

တစ်သီးပုဂ္ဂလ တစ်သက်ပန် တအူတုံဆင်း ဒုက္ခထဲ တစ်နေ့စားဘ၀နဲ့သာ ထုချေလွှာတင်ရင်း

ဘ၀ရဲ့ နောက်မှာ ဒုက္ခ

ဒုက္ခရဲ့ နောက်မှာ ဘဝ

 

သံသရာချောင်းကောထဲ ထမင်းရည်စီးသံ လုံးဝမကြားရတာ ဘာကြောင့်လဲ

ထွန်းညှိခံ လမ်းမပေါ် ကံနဲ့ကြမ္မာဟာ ဘယ်လမ်းဆုံမှာ လမ်းပျောက်တွေ ဝေနေပုံပင့်သက်

 

နေကုန်နေခန်း ခြေရာပေါင်းစုံခံရင်း မီးခိုးအူသံ ကြားရတော့မယ့် မိသားစုထမင်းဝိုင်း

အတွေးထဲက ခံစားချက်ပြင်းပြင်း စက္ကန့်သံဟာ လက်ထဲမှာ လည်နေပုံဟာ နာကြည်းသံလည်းပါတယ်

 

နေလကြတ်တာကို ငါဂရုစိုက်

အချိန်ကုန် ငေးကြည့်နေတာ ငါမဟုတ်ဘူး

ငါ့ဘ၀ရဲ့ ဘ၀ကြတ်တာကို ခြေဖ၀ါးနဲ့ဖြေရှင်းနေတာကြာပြီ(ယုံလား)

 

ပတ်စာခွာ ဖျာသိမ်းစရိုက် တစ်နေ့တခြားထွန်းကားနေသ၍

ခါတော်မီ အတ္တထွန်းကားနေသမျှ ရိုးသားသူတွေနိမ့်ကျနေတာ မဆန်းခဲ့တာ

သေချာလားလို့

မျက်ရည်ဝဲတာကလွဲလို့ ထိုထိုသော အမည်သညာ ဆုလာဒ်အဖြစ်

 

ပျံတံတံ နံ့တံ့တံ့ ဦးနှောက်ဖောက်ပြန်မှု နာရီချိန်သီး ဘယ်ညာရွေ့သံထဲ

မကြာခင် ပြန်တော့မယ့် အသံဟာ ပင့်သက်သံကလွဲလို့ ဘာမှမရှိဘူး

 

ပြည့်သိပ်နေတဲ့ ဝေဒနာထဲ ခေါင်းကျိန်း

မီးခိုးခေါင်းတိုင်ထဲက မီးခိုးတချို့သာ ရိုးသားစွာကင်းလွတ်ရာသို့ ရွေ့လျား

ငါ အားကျမိတယ်

ခွဲစိတ်ခန်းထဲက ရင်ခွဲဓားတစ်ချောင်းကို ကိုင်ထားတဲ့လက် ရင်ခွဲဓားတစ်ချောင်းလို ရိုးသားပါ့မလား

နီးစပ်ရာ တမလွန်မှာ သင်ဟာ ငရဲလား နိဗ္ဗာန်လား ဆက်ဖြေ ဆက်ဖြေ

 

နှယ်နှယ်ရရနဲ့ ရလာတဲ့ဘ၀မဟုတ်ဘူး သိကြလား

ပျစ်ပျစ်နှစ်နှစ် သင်ခန်းစာနဲ့သာ လျှောက်အုံး ပွင့်ချပ်တွေက တစ်စစီကြွေလို့

 

မျက်နှာထိ မျက်နှာထားတွေနဲ့ မျက်နှာချင်းဆိုင်နေသရွေ့

မျက်နှာပြောင်တိုက်ရာ လမ်းပေါ်မလျှောက်ချင်လည်း လျှောက်နေရ

ထို့နောက်

ရည်ရွယ်ရာ လူတန်းစားတွေရဲ့ လူတန်းစေ့ဘ၀မှတ်တိုင် သာယာဖြောင့်ဖြူးပါ့မလား။

 

ကလင့်(မန္တလေး)

အဇ္ဈတ္တအယ်လဘမ် ကဗျာစာအုပ်ပေါင်းချုပ်မှထုတ်နုတ်သည်

 

 

In: ကဗျာ Posted By: Date: Sep 2, 2011
Comment #1

ဝေမျှပေးထားတာကျေးကျေးနော်….

commentinfo By: May Kha at Sep 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment