Professional Authors

‘ရင်ကွဲနာ’

မတမ်းတပဲ လွမ်း
မနွမ်းရပဲ ကြွေ
ဖြေမရတဲ့အဆိပ်မိနေသူ…ငါ
မရေရာတဲ့အိပ်မက်ဝိုးတ၀ါးကို
အတွေးမှားပြီးဆုပ်ကိုင်ထားသူဆိုတာ
တရေးနိုးမှသိခဲ့ရတယ်။
ရူးသွပ်ခြင်းစိတ္တဇ နဲ့
အတွေးတစ်စကို ထွေးပွေ့ 
နံနက်နေ့ ည မေ့မရလို့ 
တွေ့ ခဏကို တစ်ဘ၀စာအတွက်
ရင်နာနာနဲ့ ပဲ သိမ်းဆည်းထားလိုက်တော့မယ်……

ဝေဟင်(နတ်မောက်)

In: ကဗျာ Posted By: Date: Nov 19, 2012
Comment #1

တွေ့ ခဏကို တစ်ဘ၀စာအတွက်
ရင်နာနာနဲ့ ပဲ သိမ်းဆည်းထားလိုက်တော့မယ်—-

commentinfo By: mayviolet at Nov 19, 2012
Comment #2

ကောင်းပါတယ်

commentinfo By: မေပျို at Nov 19, 2012
Comment #3

@_@
@_@
@_@

commentinfo By: ei lay at Nov 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment