Professional Authors

ကိုယ်ရံတော် … ( လူကြမ်းလေးပါ )

ရည်းစားဟောင်းတို့ ဝိုင်းလည်နေသော အရပ်မှာ

အသင် ဘယ်လိုစိတ်ဖြင့် ရှင်သန်နေသနည်း

ဝန်တိုစိတ် …. စိုးရိမ်စိတ်ဖြင့်

ကျွန်ုပ် … သည်းထန်ပူဆွေးရပါသည်

 

အားနာနက္ခတ်ဖြင့် မွေးလာသော သင့်အား

မာယာ ကစားသမားများမှ အနိုင်ယူလှည့်ဖျား

သင့် သနားစိတ်အား ချုယူသောက်သုံး

လှောင်ပြုံးကြမှာ ကျွန်ုပ် သိပ်မုန်းပါသည်

 

ကျွန်ုပ်၏ ရွှေရောင်မင်းသမီးအား

ကျွန်ုပ်သာ ခစားဝပ်တွားချင်ပါသည်

ခင်ဗျားတို့ ရည်းစားဟောင်း အပေါင်းမှ

ဖြစ်ခဲ့သမျှ ကန့်လန့်ကာချ ပြတ်သား

သင်တို့ မိဖုရားများဖြင့် ပျော်ကြပါလေ

ပျော်ရွှင်စေကြောင်း ကျွန်ုပ် တောင်းဆုချွေပါ့မည်

 

တကယ်လို့ … ( တကယ်လို့များ )

ခင်ဗျားတို့ ကိုယ်ချင်းစာတရား ရှားခဲ့ရင်တော့

ချစ်သူကို ရင်ခွင်ထဲ ခင်းသိပ်ထားတဲ့ ကျွန်တော်

သူမလေး အိပ်မပျော်အောင် နှောင့်ယှက်သူမှန်သမျှ

ပုဆိုးကြားက မဟုတ်တဲ့ လက်သီးတိုင်းအတွက်

အမြဲ လက်ခမောင်းခတ်ထားတယ်ဆိုတာ သိပါစေ …

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Apr 22, 2012
Comment #1

ကြောက်စရာကြီးနော်
အချစ်ကြီးတော့ အမျက်ကြီးတယ်ဆိုတာမျိုးပဲထင်ပါရဲ့ဗျာ

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Apr 22, 2012
Comment #2

လူကြမ်းကြီးပါ

:’P
နှစ်သက်စွာအားပေးသွားပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲ မိုး at Apr 22, 2012
Comment #3

အဲ့ဒါကိုက လက်ညှိုးထိုးစရာဖြစ်ခဲ့ရလား…

ငါ့ရဲ့ မိုက်မဲမှုလို့ပဲ ပြောလိုက်ပါတော့…

ငါ့ရဲ့ မသိတတ်မှုလို့ပဲ ပြောလိုက်ပါတော့…

ငါ့ရဲ့ အခွင့်အရေးယူမှုလို့ပဲ ပြောလိုက်ပါတော့…

ဒါပေမယ့်…

နင်ဘယ်လိုပြောပြော…

နှုတ်ပိတ်ထားခဲ့တယ်…

နှုတ်ပိတ်ထားခဲ့ပါတယ်…

commentinfo By: zawthetoo at Apr 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment