Professional Authors

အရင်လိုပါပဲ

အရင်လိုပါပဲ

မနက်ခင်းအလင်းမှာ နိုးလာစ

နင့်အကြောင်း မေ့မရခြင်းတွေက

အရင်လိုပါပဲကွယ်။

ညတိုင်းမက်တဲ့ အိမ်မက်ထဲ

နင် အမြဲတမ်း ပိုင်စိုးထားပုံက

အရင်လိုပါပဲကွယ်။

အတူလျှောက်ခဲ့ဖူးတဲ့လမ်းမများ

ငါ ပြန်လျှောက်မိတဲ့အချိန်မှာတော့

တစ်ယောက်ထဲ တမ်းတစိတ်တွေက

အရင်လိုပါပဲကွယ်။

ဆိုညည်းဖူးတဲ့ သီချင်းတွေလဲ

ပြန်ကြားလိုက်မိတဲ့ ငါ့မှာတော့

ကြေကွဲ နာကျင်ခြင်းတွေက

အရင်လိုပါပဲကွယ်။

အရင်လိုပဲ…

ငါတစ်ယောက်ထဲ အသဲကွဲ

မင်းမရှိတဲ့ဘ၀မှာ နေဆဲ

ရူးသွပ်စွာ လွမ်းဆွတ်ခြင်းတွေက

အရင်တိုင်းပဲမို့ မင်းမရှိတော့ခြင်းကလွဲလို့

အရာရာဟာ အရင်လိုပါပဲကွယ်။

 

                                        Demon

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

bar phyit loh le hin?
thu ma shi dot loh lar?
hote lar?
poor u,,
suffer so much naw?

af reading ur poem,,,
i don’t want 2 die..
hint,,hint,,,
sate ma cha naing bu.

commentinfo By: ei lay at Sep 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment