Professional Authors

အခုတော့  ……

တစ်ယောက်ထဲ နွေးထွေးစေမယ်ဆိုလို့ 

ရင်ခွင်တစ်စုံထဲ ခိုဝင်ခဲ့ ပါတယ်

အခုတော့  ……

မိုးရေထဲမှာငါတစ်ယောက်ထဲ

 

လွမ်းရမှာကြောက်လို့  ချစ်တတ်အောင်သင်ခဲ့ ပါတယ်

အခုတော့ …….

အလွမ်းတွေကြားမှာငါတစ်ယောက်ထဲ

 

ရဲရဲလျှောက်မယ်ဆိုလို့ လက်တစ်စုံကိုတွဲခဲ့ ပါတယ်

အခုတော့ ………

လမ်းခုလတ်မှာငါတစ်ယောက်ထဲ

 

  ……………….မင်းမရှိတဲ့ မနက်ဖြန်ကိုဘယ်လိုဆက်ရေးရမှန်းမသိလို့ 

အိပ်မက်တစ်ရွက်ကိုငါဆုပ်ဖြဲလိုက်တယ်

 

အခုတော့ 

မျှော်လင့် မီးရောင်မှိန်မှိန်အောက်မှာ ငါတစ်ယောက်ထဲ………

In: ကဗျာ Posted By: Date: Aug 31, 2011
Comment #1

နှစ်သက်မိတဲ့ ကဗျာလေးတစ်ပုဒ်ပါ…YouTube ကသီချင်းတစ်ပုဒ်မှာတွေ့ လို့ မျှဝေလိုက်ပါတယ်…

commentinfo By: Hamburger at Aug 31, 2011
Comment #2

really nice,
thz for ur sharing.

commentinfo By: ei lay at Aug 31, 2011
Comment #3

တစ်ယောက်ထဲ နွေးထွေးစေမယ်ဆိုလို့ 

ရင်ခွင်တစ်စုံထဲ ခိုဝင်ခဲ့ ပါတယ်

အခုတော့  ……

မိုးရေထဲမှာငါတစ်ယောက်ထဲ

လွမ်းရမှာကြောက်လို့  ချစ်တတ်အောင်သင်ခဲ့ ပါတယ်

အခုတော့ …….

အလွမ်းတွေကြားမှာငါတစ်ယောက်ထဲ

commentinfo By: May Kha at Sep 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment