Professional Authors

ပြန်လာခဲ့ပါကွယ်……အရင်လိုပဲ ငါ….ချစ်နေပါတယ်။ ။

နင်……….
စိတ်ရှုပ်စရာတွေများလာခဲ့ရင်…..
ပူပန်စရာတွေ ပြည့်ကျပ်
နင် ထင်မှတ်ထားတဲ့ဘ၀သစ်က မလှပတော့ရင်….
နောက်ထပ် ပုံပြင်သစ်တွေ ရှာဖွေမဖတ်ပါနဲ့…..
ငါ့ဆီသို့….
ပြန်လာခဲ့ပါကွယ်……အရင်လိုပဲ ငါ….ချစ်နေပါတယ်။    ။

နင်……….
အိပ်မက်တွေထဲ ပျောက်ဆုံးခဲ့ရင်
ဂရုစိုက်ခံရခြင်းတွေ မသေသပ်တော့ရင်
စောင့်ရှောက်မှုတွေ အရောင်ဆိုးခံခဲ့ရရင်
နာကျဉ်း ရှိုက်ညည်းရင်း….ထင်ရာတွေလည်း မစိုင်းပါနဲ့….
ငါ့ဆီသို့….
ပြန်လာခဲ့ပါကွယ်……အရင်လိုပဲ ငါ….ချစ်နေပါတယ်။    ။

နင်……….
လမ်းတွေများစွာ တစ်ယောက်တည်း လျှောက်နေရရင်
အသက်မပါတဲ့အပြုံးတွေ ရက်ဆက်နေခဲ့ရင်
ကမ်းလှမ်းနေကျလက်တစ်စုံက နွေးထွေးမှုတွေ ရပ်စဲသွားရင်
နောင်တအတွေးတွေနဲ့ ဝေးသထက်ဝေးရာ မပြေးပါနဲ့…
ငါ့ဆီသို့….
ပြန်လာခဲ့ပါကွယ်……အရင်လိုပဲ ငါ….ချစ်နေပါတယ်။    ။

In: ကဗျာ Posted By: Date: Aug 18, 2012
Comment #1

ohhhhhhhhhh
so touching,,,,,,,,,
really admirable honourable love with perfect attitude

commentinfo By: ei lay at Aug 18, 2012
Comment #2

အရမ်းမိုက်တယ် ဗျာ ကြိုက်လွန်းလို့  share သွားပီ

commentinfo By: gg at Aug 19, 2012
Comment #3

တကယ်လေးစားစရာကောင်းပါတယ်

commentinfo By: မေပျို at Aug 19, 2012
Comment #4

မကေ…တကယ်..အရေးအသားတွေမိုက်တယ်….
အရင်လိုချစ်တာက…ကောင်းပါတယ်…..
…….မကေ ခံစားအားပေးသွားပါတယ်..

commentinfo By: poem.poem28 at Aug 20, 2012
Comment #5

ဟုတ်တယ် အရေးအသားတွေကတော်တော်ကောင်းတယ်ဗျာ

commentinfo By: lwannaythu at Aug 20, 2012
Comment #6

so touchingggggggggggg

commentinfo By: ei lay at Aug 20, 2012
Comment #7

အသက်မပါတဲ့အပြုံးတွေ ရက်ဆက်နေခဲ့ရင်
ကမ်းလှမ်းနေကျလက်တစ်စုံက နွေးထွေးမှုတွေ ရပ်စဲသွားရင်
နောင်တအတွေးတွေနဲ့ ဝေးသထက်ဝေးရာ မပြေးပါနဲ့…
ငါ့ဆီသို့….
ပြန်လာခဲ့ပါကွယ်……အရင်လိုပဲ ငါ….ချစ်နေပါတယ်။ ။

commentinfo By: Village chat kyi at Aug 20, 2012
Comment #8

လေးစားပါတယ်

commentinfo By: htatmyataung at Aug 21, 2012
Comment #9

ကျေးဇူးနော်….
ကေ့ကဗျာလေးကို အားပေးကြတဲ့အတွက်….။

commentinfo By: ကေသရီ at Aug 26, 2012
Comment #10

နင်ထင်မှတ်ထားတဲ့ဘဝသစ်က မလှပတော့ရင်နောက်ထပ်ပုံပြင်သစ်တွေရှာဖွေမဖတ်ပါနဲ့တော့
ငါ့ဆီပြန်လာခဲ့ပါ…
ခံစားချက်နဲ့တိုက်ဆိုင်လွန်းနေတယ်
အားပေးသွားပါတယ်

commentinfo By: မိုးဖွဲ at Dec 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment