Professional Authors

ဆိုက်ကိုးစစ်

ဘာကိုမှစိတ်ချရတာမရှိဘူး

ဘယ်သူ့ကို အတည်ကြံရမှန်းမသိဘူး

နေရာတကာ အတုနဲ့အစစ်နဲ့ရောနှော

တချို့က အတုကို အစစ်ထင်

တချို့က အစစ်ကို အတုထင်

ကြာလာတော့လည်း သူ့ရာဇ၀င်နဲ့သူ ကျန်ရစ်

တွင်ရစ်တဲ့ ရာဇ၀င်ကိုယ်တိုင်ကိုက

အတုက အစစ်ဖြစ်ပြီး

အစစ်က အတုဖြစ်တဲ့အခါဖြစ်

ရာဇ၀င်အသစ်ထပ်ဖြစ်လာပြန်ပါရောလား..။

ခင်ဗျားနာမည် ခင်ဗျာစာတမ်းထိုးပြီး မှန်ထဲပြန်ကြည့်စမ်းပါ

ခင်ဗျားဟာ ခင်ဗျားအစစ်အတိုင်း

ပေါ်နေသလိုဖြစ်နေပေမယ့်

ခင်ဗျားရင်ဘတ်ကစာတမ်း အစစ် မဟုတ်တော့ဘူး…။

ဒါပါပဲ…

အင်မတန်မှန်လှပါတယ်ဆိုတဲ့ မှန်ချပ်တွေကိုတောင် စိတ်မချရဘူး။

ဘယ်အ၀တ်အထည်

ဘယ်အစားအစာ

ဘယ်နေရာထိုင်ခင်း

ဘယ်လမ်း ဘယ်တံတား

ဘယ်စစ်ပွဲ၊ဘယ်ဘာသာတရား

သေချာတွေးတောစဉ်းစားမိရင်

အားလုံးဝါးတားတားတွေချည်းပဲ..။

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

hote pa

commentinfo By: ei lay at Sep 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment