သီချင်းငှက်အတွက် အိပ်မက်ပြန်တမ်း
နုတ်ဆက်ဖော်တောင်မရအောင်
ကြောင်ငေးနေမိခဲ့
ခင်ဗျားရဲ့ ကောင်းကင်ထဲကမြစ်ကို
တဆစ်ဆစ်ခံစားနေတုန်းပေါ့…
ရာဇ၀င်များရဲ့သတို့သမီး
ခင်ဗျား လက်ညှိုးထိုးပြလို့ သိခဲ့ရ
မြို့ပြလရောင်ထက်
ဝင်ရိုးစွန်းမီးတွေ တဖိတ်ဖိတ်လက်လို့ ရှိသေးတယ်….
မှော်ဆရာအိပ်မက်ကို
အချစ်နတ်ဆိုး ကဆွဲထုတ်ပြခဲ့
တဆောင်းသစ်ပေမယ့်လည်း
ခင်ဗျားအောင်ပွဲဆင်ခဲ့ပါတယ်….
ကျုပ်တို့ ရဲ့သီချင်းငှက်
ခင်ဗျားလက်တွေပေါ်မှာ
သာယာအိပ်မောကျနေတုန်း
အမုန်းမျက်လုံးတွေနဲ့ဆုံခဲ့
ဒီလောက်ထိတောင်ဗျာ…
ခင်ဗျားကတော့ လွတ်ရာကိုပျံ
ကျုပ်တို့တော့ တနေ့စာအလွဲတွေထဲမှာ
အဓီပတိလမ်းကခြေရာတွေရှာရင်းကျန်ခဲ့
ဒါလဲရခဲ့ပါတယ်လေ….
တသသလွမ်းရမယ့် ခင်ဗျားဟာ
ပြန်မလာဘူးဆိုတာ သေချာခဲ့
နောက်နောင် ခင်ဗျားတက်ရောက်ခြင်းမဲ့တဲ့ လောကမှာ
ကျုပ်တို့ လက်ခံရတော့မှာပေါ့ ..
ခင်ဗျားသာ ရောက်ရာ ဘုံမှာ သီချင်းတွေကိုအသက်သွင်းပေးပါဗျာ …
Comment #2
ကြိုက်တယ်ဗျ
By: poem.poem28 at Jul 23, 2011
Comment #3
အရမ်းကြိုက်ပါတယ်တော်တော်ကောင်းတယ်ရင်ထဲကိုထိပါတယ်
By: thay thit su.mdy at Jul 23, 2011
Comment #4
မိုက်တယ်နော်
သွားလေသူကတော့ဘာဖြစ်မလဲမသိဘူး။
ရေးတဲ့သူကိုလဲ တချိန်ချိန် သွားလေသူလို အင်း အဲလိုလေးဖြစ်ရင်ကောင်းမယ်နော်။
အပြတ်အသက် အားပေးသွားပါတယ်။
By: myboy at Jul 23, 2011
Comment #5
ကောင်းတယ်ဗျာ
By: အောင်မော်ဟိန်း at Mar 16, 2013




Comment #1
နှစ်သက်သဘောကျမိပါတယ်