Professional Authors

ဇစ်မြစ်။

ဇစ်မြစ်။

ထားပါ…
အရိပ်ကြောင့် လူမသေဘူး..။
ဒါပေမယ့် စကားကြောင့် လူသေတတ်တာတော့ ခင်ဗျား သိထားရမယ်..။

ခု ဆိုရင် ဒီမိုကရက်တစ်မူ စသူနဲ့။
ဟစ်တလာရှင် စနစ် ဆက်ခံသူနဲ့ ။
ကွန်ဆာဗေးတစ် လက်ခံသူနဲ့ ။
ကျုပ်ယူဆထားတဲ့ သာပေါင်းညာစား လစ်ဘရယ် သမားတွေနဲ့ ။
အားလုံး ပြည့်နေတဲ့ ပြည်မှာ လူဖြစ်နေတာတောင်…

နောင်တမရှိ
အသိညဏ် မရှိ
ဆင်ခြင်ညဏ်က နတ္တိ
ဒါကြောင့် (ဘယ်နိုင်ငံမှာမှ အဲလောက်မကြာခဲ့ဘူးတဲ့)
အမျိုးသားညီလာခံတစ်ခု ဆယ်စုနှစ်ကျော် ကြာအောင်ကျင်းပခံခဲ့ရတာ
ကျုပ်တို့ အတွက် ဘာဆန်းတော့မလဲ….

တကယ်ဆိုဗျ
နိုဘယ်ဆုရှင်ကို ထောက်ခံရင် ထောက်ခံလိုက်
လက်ကျန် စစ်အာဏာရှင်တွေကို ထောက်ခံရင် ထောက်ခံလိုက်
ဒါမှ မဟုတ်
ကန့်ကွက်လိုက်ဗျာ
ပြတ်သားကြရမှာပေါ့

ဒီလိုမှ မဟုတ်
ဟိုယောင်ယောင် ဒီယောင်ယောင်
အမောင်ကြောင်တောင်တောင် ဖြစ်နေရင်
ကျုပ်တို့ ကိုင်ထားတဲ့ ပန်းရောင်ကဒ်တွေ ထမင်းငတ်ကုန်ကြမှာပေါ့…

ဒီလိုပဲ တိုင်းပြည်ကို….
လောင်းကစားဆန်ချင်လို့ စောင့်ကြည့်နေတယ်ပဲပြောပြော…
ခွေးရူးကောင်းစား တမွန်းတည့်အစိုးရ.. အချိန်တန်ရင် သူနေရာ သူပြန်သွားရမှာပဲပြောပြော….

နိုင်ငံရေးက နိုင်ငံရေးပဲ.. အမျိုးသားရေးက အမျိုးသားရေးပဲ…

သေချာတာက
ကျုပ်တို့ ရခိုင်ပြည်နယ်ဘက်ကနေ ဘင်္ဂလား တွေ ပြည်တက်မသိမ်းဖို့…

လာရှိုး မူဆယ် လမ်းသစ်ကြီးကနေ မန္တလေးကို တရုပ်တွေ တက်မသိမ်းဖို့…

ရန်ကုန်မြို့ကြီး နေရာမှန် ပြန်ရောက်ဖို့..

လေးဆူဓါတ်ပုံ ရွှေတိဂုံဘုရားကြီးထဲက ဌာပနာတွေ နေရာမှန်မှာ ရှိနေဖို့..

မန္တလေး နန်းတော်ကြီး မပျက်ဆီးဖို့….

မြန်မာနိုင်ငံမှာ ထေရ၀ါဒ မပျောက်ပျက်ဖို့သာ လုပ်ရမှာ……။

ဒီထက် ပိုပြီးအရေးကြီးတာက …
လူဘောင်ကို ထိမ်းတာ အရှက်နဲ့ အကြောက်.. တဲ့
တိုင်းပြည်ကို ထိမ်းတာ ဥပဒေနဲ့ အာဏာ… တဲ့
ဘယ်ဟာ ပိုအရေးကြီးသလဲ ဆိုတာကို ရွေးပြီး…

ပြင်ဆင်သင့်တာလေးကို အကြံပေးရမယ်….
တိုက်တွန်းရမယ်…
မလုပ်မနေ လုပ်ခိုင်းရမယ်…
အဆုံးဗျာ….
တော်လှန်သင့်ရင်တော်လှန်ရမယ်…

ဒါပေမယ့် ခုတော့
ဒါပေမယ့် လက်ရှိ မြင်ရသလောက်တော့..

ဘယ်နေရာမှာ ဖြစ်ဖြစ်…
ငါ့အယူအဆ ငါ အမှန်ကြီးကိုင်ဆွဲလို့
ငါဆိုတဲ့ ပေတံကြီးတွေ ပွတ်တိုက်လို့

ခင်ဗျားကို ကျုပ်က ကိုက်တယ်..
ကျုပ်ကို ခင်ဗျားက ကိုက်တယ်….
မပြည့်တဲ့ အိုးတွေ ဘောင်ဘင်ခတ်နေလိုက်ကြတာများဗျာ…
ပင်လယ်ထက် မုန်တိုင်းတွေ လှိုင်းထန်လေထန်ကြသလိုပဲ …

ရှင်းတယ်ဗျ..
လောကမှာ ဆန်ပေးရင် ဆီရမယ်..
ဒါလုပ်ရင် ဒါဖြစ်မယ်..
ဟိုဟာလုပ်ရင် ဟိုဟာ ဖြစ်မယ်..
သိပ်မတွေးနဲ့
ခု
ကျုပ်တို့ လုပ်လို့ ကျုပ်တို့ ခံရတာ…
ကျုပ်တို့ ညံ့လို့ ကျုပ်တို့ ခံရတာ…
သတိနဲ့ အသိ မကပ်ခဲ့လို့ ခံရတာ..
အကြောက်တရားတွေ ဖုံးလွှမ်းပြီး ငါစွဲကို မစွန့်နိုင်လို့ ခံရတာ….
ဘာဆိုတာ ဇစ်မြစ်ကို ရှာကြည့် အဖြေကိုသိကြလိမ့်မယ်…..။
ကိုယ်ညံ့တာ ကိုယ်ပဲ ။

ထားပါ ။
အရိပ်ကြောင့် လူမသေဘူး…
စကားကြောင့် လူသေတတ်တာတော့ ခင်ဗျား သိထားရမယ်….

ခင်ဗျား ပြောတဲ့ အကြောင်း ခင်ဗျားတကယ် သိပြီလား….
ခင်ဗျား ရေးတဲ့ အကြောင်း ခင်ဗျား တကယ် တာဝန်ယူပြီလား…

ခင်ဗျား မှားရင်….ခင်ဗျားစကား…ခင်ဗျား စာ ကြားသူ/ ဖတ်သူတိုင်း
လိုက်မှား သွားမှာကို သိပြီလား…

တစ်ယောက်က တစ်ရာ တစ်ရာက ထောင် သောင်း သိန်းသန်း
တိုင်းပြည် တစ်ပြည်လုံး အမှောင်ထဲ လှမ်းကုန်ရင်…..
ကျုပ်ကတော့ ရှင်းရှင်းပဲ ပြောမယ်…..

“ခင်ဗျား ဟာ သမိုင်း တရားခံ”

ခင်ဗျားဟာ လီယိုတော်စတွိုင်း မဟုတ်ဘူး…
ခင်ဗျားဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း မဟုတ်ဘူး …
ခင်ဗျားဟာ ဗိုလ်ချုပ်အောင်ဆန်း မဟုတ်ဘူး…
ခင်ဗျားဟာ မဟတ္တမ ဂန္ဓီ မဟုတ်ဘူး…
ခင်ဗျားဟာ ဆရာဇော်ဂျီ မဟုတ်ဘူး..
ခင်ဗျားဟာ သခင် သိန်းဖေမြင့် မဟုတ်ဘူး..
ခင်ဗျားဟာ သခင် ၀တင် မဟုတ်ဘူး…
ခင်ဗျားဟာ ဆရာကြီး ဦးအောင်သင်း မဟုတ်ဘူး….
ခင်ဗျားဟာ ဘာမှ လောကကို ကောင်းကျိုးပြုခဲ့ ဖူးသူ မဟုတ်ဘူး…
ယုတ်စွှအဆုံး ခင်ဗျားဟာ
“ကိုယ့်ကိုကိုယ်တောင် နိုင်နင်းအောင် အုပ်ချုပ်နိုင်စွမ်း” မရှိသေးဘူး..ဗျာ….။

ဒီတော့ဗျ…
ကျုပ်ပြောချင်တာ

အရိပ်ကြောင့် လူမသေဘူး..
စကားကြောင့်တော့ လူသေတတ်တယ် ဆိုတာပဲဗျာ……။

ကကြီး။(၂၂.၄.၂၀၁၄)

In: ကဗျာ Posted By: Date: Apr 22, 2014
Comment #1

တကယ်ဆိုဗျ
နိုဘယ်ဆုရှင်ကို ထောက်ခံရင် ထောက်ခံလိုက်
လက်ကျန် စစ်အာဏာရှင်တွေကို ထောက်ခံရင် ထောက်ခံလိုက်
ဒါမှ မဟုတ်
ကန့်ကွက်လိုက်ဗျာ
ပြတ်သားကြရမှာပေါ့

ဒီလိုမှ မဟုတ်
ဟိုယောင်ယောင် ဒီယောင်ယောင်
အမောင်ကြောင်တောင်တောင် ဖြစ်နေရင်
ကျုပ်တို့ ကိုင်ထားတဲ့ ပန်းရောင်ကဒ်တွေ ထမင်းငတ်ကုန်ကြမှာပေါ့…
……………………………..
တကယ်အားပါတဲ့ ကဗျာတစ်ပုဒ်ဘဲ….အားပေးတယ်

commentinfo By: နွေ at Apr 25, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment