Professional Authors

ခင်ဗျားကို….ကျုပ်…………..

ကျွန်တော် ခင်ဗျားကို မုန်းတယ်

တိတိကျကျထပ်ပြောရရင်

နှစ်နှစ်ကာကာ မုန်းတယ်

ကျွန်တော့ အတွေးတွေထဲ ခင်ဗျားေ-ာက်ခွက် နဲ့ အဆိပ်ခပ် ထားတဲ့
ခင်ဗျားကို………………..
ကျွန်တော့် မျက်ဝန်းတွေထဲ … ခင်ဗျား အပြုံးတွေနဲ့..ဖြည့်စွက်ထား…..
ခင်ဗျားကိုပဲ မြင်နေချင်တဲ့….မျက်ဝန်း…တွေအတွက်…………………..
ခင်ဗျားကို..ကျုပ်………………………
………………………မုန်းတယ်
……………………………………
ခင်ဗျားမဖတ်မှန်းသိရက်နဲ့..
ရေးချ..ထွက်ကျလာတတ်တဲ့ ကျွန်တော့် ရင်ဘတ် ပက်ကြားအက်ကြီးအတွက်
…………………………………….
ခင်ဗျားပြန်မလာမှန်းသိရက်နဲ့….
မျှော်လင့်နေခဲ့သော
ကျုပ်ရဲ့...တနေ့…နေ့...များအတွက်
……………………………………………….
ခင်ဗျား..မချစ်ခဲ့မှန်း….သေချာရက်နဲ့
ပစ်မသွားစေဖို့…ဆုတောင်းမပြတ်ခဲ့သော…
ကျုပ်….ရဲ့…တိတ်တခိုးစိတ်ကူး.…များအတွက်
ခင်ဗျားကို…
ကျုပ်….
မုန်းတယ်
………………………………………..
ဒီတခါနောက်ဆုံး…
ဒီတကြိမ်..အပြီးသတ်…ဆိုကာ
ခင်ဗျားအမုန်းတွေသာ..ပိုက်…..
မိုက်ရူးရဲ..ဆန်ခဲ့သော…..နောက်ဆုံးဆုတောင်း..အတွက်
………

သူစိမ်းတယောက်လို..ကြည့်
သူစိမ်းတယောက်လို..ပြော…..
အိပ်မက်..မမက်ခဲ့ဖူးသူလို….ရယ်မော..နေတတ်သော
ခင်ဗျားဟာ…
ကျွန်တော့်အတွက်…..
အတိတ်…တခု……မဟုတ်..(ထာဝရ)ဖြစ်ခဲ့တဲ့..အတွက်
ပြီးတော့……………
…………………..
…………….ပြီးတော့
……
မချစ်ဘူး…မချစ်တော့ဘူး………..
လုံးဝမချစ်ဘူး………
အများကြီးမုန်းတယ်………..
အဲဒီလို…..
ခင်ဗျားအတွက်..နောက်ဆုံး..မုသား..
တွေ…သုံး…သုံး…ပြီး….
ခင်ဗျားကိုပဲ………..သတိတရနဲ့ ….အမှတ်ရ
……………
အမြဲ..လွမ်းနေ……
အလွမ်းတွေနဲ့..ထုံထိုင်း……………….
ကြုံ…ခွင့်…ဆုံ..ခွင့်..တို့…သာ…တမ်းတ
နေတတ်
…………………..
အဲလို..လူ…ဖြစ်အောင်…ပြုစားခဲ့သော…..
…………………………..
နေ၀င်လထွက်….အရှုံးတွေသာဆက်လို့
ခင်ဗျားတယောက်ထဲကို..ချစ်နေခဲ့တဲ့
ကျုပ်…………….
………………….
အတွက်…
ခင်ဗျားကို..နှစ်နှစ်ကာကာ……..
…………………………………….မုန်းတယ်

(အရမ်း….မုန်းတယ်ဗျာ..အဲဒါထက်…………..ကျုပ်ကို..ကျုပ်..ပိုပြီးတော့…မုန်းတယ်))

In: ကဗျာ Posted By: Date: Oct 4, 2011
Comment #1

နောက်ထပ် တစ်ကြီမ် လုလင် အားပေးသွားပါတယ် မကြီးမိုး

Comment #2

တကယ်ကို ထိမိအောင်ရေးနိုင်လွန်းတယ် ဆရာမ
အားပေးသွားပါတယ်ဗျာ

commentinfo By: moehtetaung18 at Oct 5, 2011
Comment #3

နေ၀င်လထွက်….အရှုံးတွေသာဆက်လို့
ခင်ဗျားတယောက်ထဲကို..ချစ်နေခဲ့တဲ့
ကျုပ်…………….

commentinfo By: May Kha at Oct 5, 2011
Comment #4

ကြိုက်တယ်ဗျာ..။ အားပေးသွားတယ် မမ.။။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Oct 5, 2011
Comment #5

ကိုယ့်ကိုကိုယ် ပြန်နှစ်သိမ့်နေတဲ့ …..အရိုးသားဆုံးလိမ်လည်မှု့တစ်ခုပဲလို့ ထင်တယ်..
ဘာလို့ လည်းဆိုတော့…ကျွန်တော်လည်းနှစ်နှစ်ကာကာမုန်းဖူးတယ်….။
အားပေးသွားပါတယ်……ဒေါ်ကြီးမိုးရယ်……။

commentinfo By: terry at Oct 5, 2011
Comment #6

အဲဒါတွေထက် ကျုပ်ကိုကျုပ်ပိုမုန်းတယ်……ဆိုတာလေး သဘောကျပါတယ်ဗျာ….အားပေးသွားပါတယ်..

commentinfo By: Salai Peter at Oct 5, 2011
Comment #7

ကိုယ့်ကိုကိုယ်မုန်းသင့်တာပေါ့…မမိုးရာ
ဟုတ်တယ်မဟုတ်လားးးးးးးးးးးမောင်လေးပြောတာ..
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 6, 2011
Comment #8

ဒါပေါ့ဗျာ ကိုယ့်ကိုမချစ်နိုင်တဲ့သူကိုမှ နှစ်နှစ်ကာကာမြတ်နိုးမိတော့ ကိုယ့်ကိုယ်ကိုဘဲပိုမုန်းသင့်တာပေါ့ ကျွန်တော်လည်း အဲ့လိုခံစားဖူးတယ် ကျွန်တော်က အစ်မထက်တောင် အချစ်ကံခေတယ်ဗျ ကိုယ့်နာမည်တောင်မသိတဲ့သူကိုမှ သွားခိုက်မိရတယ်လို့ ပြောရင် တော်တော်ငုတ်ပါတယ် အစ်မရယ် ကဗျာလေး တကယ်ကောင်းတယ် အနှစ်တွေချည်းဘဲ အားပေးနေတယ် အစ်မ။

commentinfo By: X - ray at Oct 7, 2011
Comment #9

ဒေါ်ဂျီး ဘာဖြစ်တာလဲ ဗျာ
ကျွန်တော့်မှာတော့ ခင်ဗျားကို တွေ့ချင်လွန်းလို့သာ
မလာချင်တဲ့ နေရာကို လာလာနေတာ
ခင်ဗျားက မလာတော့ဘူးဆိုတော့……
ပြီးတော့ ခင်ဗျားကို ဒိလောက်ချစ်ခင်နေတဲ့သူငယ်ချင်းတွေအများကြီးရှိတာကို
ဘာလို့ အထီးကျန်သလိုခံစားနေရတာလဲ
ဘာပဲဖြစ်ဖြစ် ကြားရတာ စိတ်မကောင်းဘူး
ကျွန်တော်မှာ မပြည့်စုံမှုတွေအများကြီးရှိနေပေမယ့်
ခင်ဗျားကိုတော့ ပျော်ရွှင်အောင်လုပ်ပေးချင်ပါတယ်/
အခုလိုတော့ လုံးဝအဆက်မဖြတ်လိုက်ပါနဲ့
ကျွန်တော်တို့ ဒီမှာပဲ တွေ့ကြမယ် ခင်ဗျားအားတဲ့အခါ
ဒီကို လာခဲ့ပါ ကျွန်တော်လည်း 0nlineတက်တိုင်း ခင်ဗျားဆီကို လာမယ်
ပျော်ရွှင်ပါစေ ဒေါ်ဂျီးရေ………………

commentinfo By: ဦးဂျီး at Oct 9, 2011
Comment #10

ကျွန်တော့်ကဗျာလေး အားပေးလို့ကျေးဇူးအများကြီးတင်ပါတယ်…
အားလုံးပဲအထူးကျေးဇူးတင်ပါတယ်
……..

commentinfo By: အသဲကွဲမိုး at Oct 10, 2011
Comment #11

mone naing par bu.

commentinfo By: ei lay at Oct 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment