Professional Authors

လက်ဖြန့်ခံမတောင်းအပ်တော့တဲ့ အကြင်နာ – နရီထက်

ရယူမှုက တစ်စက်နှစ်စက်—-
ပေးလိုက်တာက တစ်ခွက်နှစ်ခွက်—–

မင်းကျခဲ့တဲ့ မျက်ရည်က မျက်ရစ်ဝိုင်းလေး
ငါကျခဲ့တဲ့ မျက်ရည်က မြေခခဲ့တယ်

မင်းလျှောက်ခဲ့တဲ့လမ်း မြက်ရိုင်းတွေပါ
ငါလျှောက်ခဲ့တဲ့လမ်း ဆူးခရောင်တွေပါ

မင်းအလိုကျမှ စကားပြောခွင့်ရတဲ့ ငါ
မင်းစိတ်ကျေနပ်မှ အနားလာခွင့်ရတဲ့ ငါ
——–ကြာရင် ငါက
အောက်ဆီဂျင်တွေ ရှိုက်ထုတ်တတ်လာတဲ့
စက်ရုပ်တစ်ရုပ်ဖြစ်နေပြီး——–

အတိုင်းအဆတစ်ခုကို မှန်းဆတတ်တဲ့မင်း
အချစ်တစ်ခုကို အပိုကြေးလို့ ပြောတတ်လာတဲ့မင်း
အနိုင်တွေ စွတ်အနိင်ပိုင်ချင်တော့——
မင်းကိုပဲ အနိုင်ပေးခဲ့ပါတယ်

ငါ လိုချင်တာက အကြင်နာ
ရခဲ့တာက ဝေဒနာ——-
မျိုသိပ်ခံစားခဲ့ရတဲ့ ဒဏ်ချက်တွေနှင့်
လက်ဖြန့်ခံတောင်းခံနေခဲ့တဲ့——
မင်းရဲ့အကြင်နာတွေ——-
ငါ မလိုချင်တော့ဘူး
ငါ လက်တွေ ပြန်ရုပ်သိမ်းလိုက်ပြီး။      ။

နရီထက်
( ၁၀ ၊ ဒီဇင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Dec 10, 2010
Comment #1

အောက်ဆီဂျင်တွေ ရှုပ်ထုတ်တတ်လာတဲ့ (ရှိုက်ထုတ်)
စာလုံးပေါင်းလေး ပြင်လိုက်ရင်
ဂွတ်ရှယ်ဘဲ …

Comment #2

တောင်ပံမဲ့လိပ်ပြာကို ကျေးဇူးတင်ပါသည်။

နရီထက်

commentinfo By: နရီထက် at Dec 10, 2010
Comment #3

အရမ်းကိုကောင်းတယ်။အရမ်းကြိုက်တယ်အကိုကြီး။

commentinfo By: myintmo at Dec 10, 2010
Comment #4

ငါ လိုချင်တာက အကြင်နာ
ရခဲ့တာက ဝေဒနာ——-
မျိုသိပ်ခံစားခဲ့ရတဲ့ ဒဏ်ချက်တွေနှင့်
လက်ဖြန့်ခံတောင်းခံနေခဲ့တဲ့——
မင်းရဲ့အကြင်နာတွေ——-
ငါ မလိုချင်တော့ဘူး
ငါ လက်တွေ ပြန်ရုပ်သိမ်းလိုက်ပြီး တဲ့
အဲ့ဒီ့အပိုက်လေးကိုပိုကြိုက်တယ်

commentinfo By: myintmo at Dec 10, 2010
Comment #5

လာရောက်အားပေးဖတ်ရှုသော ညီမလေး မြင့်မိုရ်ကို ကျေးဇူးတင်ရှိပါသည်။

ပရိသတ်များကို
အစဉ်လေးစားလျှက်

ကိုနရီထက်

commentinfo By: နရီထက် at Dec 10, 2010
Comment #6

ရယူမှုက တစ်စက်နှစ်စက်—-
ပေးလိုက်တာက တစ်ခွက်နှစ်ခွက်—–

ကြိုက်တယ်ဗျို့။

commentinfo By: moezat at Dec 10, 2010
Comment #7

အောက်ဆီဂျင်တွေ ရှိုက်ထုတ်တတ်လာတဲ့
စက်ရုပ်တစ်ရုပ်ဖြစ်နေပြီး——–

အတိုင်းအဆတစ်ခုကို မှန်းဆတတ်တဲ့မင်း
အချစ်တစ်ခုကို အပိုကြေးလို့ ပြောတတ်လာတဲ့မင်း
ကြိုက်တယ်……..

commentinfo By: မုဆိုး at Dec 10, 2010
Comment #8

ကျေးဇူးပါ…

ကဗျာချစ်သူ၊ ကဗျာရေးသားသူ အပေါင်းတို့….

ကိုနရီထက်

commentinfo By: နရီထက် at Dec 15, 2010
Comment #9

တပုဒ်လုံးကြိုက်တယ်အကိုကြီး

commentinfo By: 92icon at Dec 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment