Professional Authors

နှစ်ကိုယ်ခွဲ… ည – နရီထက်

အိပ်စက်မရတဲ့ ည…
လွမ်းပါးပါးနှင့် အသည်းတွေကို မွှန်းနေသလား
အိပ်မွေ့ချတဲ့ ည…
ကမ္ဘာလေးကို ခေါင်းအုံး ပေးအုံးနေလား

ငိုရလွန်းည…
တာရှည် နှိပ်စက်နေသလား…
ပျော်လွန်တဲ့ည…
ပေးဆပ်သက်နည်း အချိန်တွေ တိုတောင်းနေသလား

သတိရဆို့နင့်နေတဲ့ ည…
အောက်မေ့ဘွယ် လိုက်ကာတွေ ပိတ်မှောင်နေသလား
လွမ်းဆွတ်ဆွေးကျန်လိုက်တဲ့ည…
စကားမပြောတတ်တဲ့ အရိပ်တွေ ငါ့ အနား လာနေသလား

ငြိမ်သက်နေလွန်းတဲ့ ည..
မှန်တွေ အက်ကွဲကြေမွ အခြားတစ်ဘက်စီလား
လေပြေဆော့ကစား လူးလွန်းတဲ့ ည…
ပြတင်းပေါက်တံခါးနား ညဌက်တွေ တေးဆိုနေလား

အရောင်တွေ မမြင်ဘူး
ဘာသာစကား မရှိဘူး
အဓိပ္ပာယ်လွန် စိတ်ကူးမဆန်းဘူး
အထီးမကျန်တဲ့ညက…
မင်းကို အထီးကျန်ဆန်စွာနှင့် အဖော်လုပ်နေတယ်…

စိတ္တဇနှင့် ပြေးလွင့်နေတဲ့ ည…
မင်းကို မရယ်လှောင်တတ်တာ အမှန်ပါ..
ပုံပြင်တွေ မပြောတတ်ဘူး…
ညက… အခန်းဆက် ပြဇာတ်တစ်ပုဒ်…
မရှင်းနိုင်တာက…မင်း မဟုတ်လား

ညက …. မသိ
မင်းက…. မိ
တစ္ဆေတစ်ကောင် မဟုတ်ဘူး…
အိပ်ဆေးတွေက အလကား
ပျော်အောင် နေလိုက်နော် မင်း…
အိပ်ပျော်အောင် အိပ်လိုက်ပါ….
ညနှင့်အတူ…. ။      ။

နရီထက်
( ၃၁ ၊ သြဂုတ်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Aug 31, 2011
Comment #1

ကိုနရီထက်အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 31, 2011
Comment #2

he,,he,,
bar hma nar me le bu,
iq nate dot like ma hme bu.

but understand so well the last.
he,,he,,
thz so much.

commentinfo By: ei lay at Aug 31, 2011
Comment #3

အားပေးသွားတယ်

commentinfo By: Village chat kyi at Aug 31, 2011
Comment #4

အရောင်တွေ မမြင်ဘူး
ဘာသာစကား မရှိဘူး
အဓိပ္ပာယ်လွန် စိတ်ကူးမဆန်းဘူး
အထီးမကျန်တဲ့ညက…
မင်းကို အထီးကျန်ဆန်စွာနှင့် အဖော်လုပ်နေတယ်…
..
အားပေးသွားပါတယ်…

commentinfo By: အသဲကွဲမိုး at Aug 31, 2011
Comment #5

ကောင်းတယ် အစ အဆုံးကြိုက်တယ် အလွမ်းဓါတ်ခံ ရှိသူဆို ငိုသွားမယ်နော် ကြိုက်တယ် ဆက်အားပေးနေမယ် နော် ကိုကြိး

commentinfo By: thuya at Aug 31, 2011
Comment #6

lwan dot lwan tar pop.
dar pay me le d lo pe arr tin p dot han saung pan saung ne yee pya nay ya dar pe.
lwan lun loh tay taung tay dot me.

commentinfo By: ei lay at Aug 31, 2011
Comment #7

ကောင်းတယ်ဗျာ အားပေးနေပါတယ်

commentinfo By: HEROSMITH at Sep 1, 2011
Comment #8

အားပေးသွားပါတယ်အကိုကြီးရေ..

commentinfo By: myintmo at Sep 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment