Professional Authors

တစ်ခါက… နရီထက်

တစ်ခါက စိမ်းလန်းခဲ့ ဖူးမယ်ဆိုတဲ့
တောတန်းလေး ရိုးပြတ်တော ဖြစ်ခဲ့ဖူးတယ်

တဟုန်ဟုန်း ထတောက်လိုက်မယ့်ဆိုတဲ့
အရှိန်တွေက ကောက်ရိုးမီးတောက် ဖြစ်ခဲ့ဖူးတယ်

တစ်ခါက ဆောင်း…
နှင်းတွေ ဝေ နေခဲ့ပေမဲ့
အဓိပ္ပာယ်လွဲလွန်းခဲ့ချင်တော့
နှင်းပျောက်ခဲ့တဲ့ ဆောင်းညအိမ်မက်တွေက အခုထိ မက်နေတယ်

လှေဝမ်းပေါက်လှေ မနစ်ခဲ့ပေမဲ့
သေဘာၤျမႈပ္ခဲ့တဲ့ အျဖစ္အပ်က္တစ္ခုမွာ
မသေခဲ့တော့သူက ကံကောင်းခြင်း တစ်ဘ၀လား…

ပြန်လာမယ်ဆိုတဲ့ လမ်းကလေး
နေတွေ ပူလိုက် မိုးတွေ ရွာလိုက် နှင်းတွေ ကျလိုက်နှင့်
လမ်းပျက်ကလေး မဖြစ်အောင်တော့ ဆုတောင်းခဲ့ဖူးတယ်

အလင်းတွေနား ပြေးလိုက်ခဲ့တော့
အမှောင်တွေက အုပ်ဆိုင်းလာတယ်
လက်ဖြန့်ခံ တောင်းခံလိုက်တော့ ကောင်းဆိုးနှစ်ဖြာ ကျသက်စေတယ်
မျက်စိမှိတ်လိုက်တဲ့ တစ်ခါတစ်လေမှာလည်း အလင်းတွေ ခဏခဏ တွေ့ဖူးတယ်

ရင်တွင်းဖြစ်ဝေဒနာကို ထုတ်ရောင်းခွင့် မရှိတဲ့အခါ
တစ်ခါက အလွမ်းပြပွဲတွေက ငါတို့ကို ရင့်ကျက်လာစေသလား
သေချာတာ တစ်ခုက အဖြစ်အပျက်တွေ မတူညီကြဘူး…။     ။

နရီထက်
( ၁၀ ၊ ဇွန်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Jun 10, 2011
Comment #1

ကိုနရီထက်….
အ၇မ်းကောင်းပါတယ်။အားပေးနေတယ်။

commentinfo By: poem.poem28 at Jun 10, 2011
Comment #2

Thank you ပါ… poem.poem28 …

commentinfo By: Nayihtet at Jun 10, 2011
Comment #3

အားပေးသွားပါတယါ ။ကောင်လညိးကောင်းပါတယ်..။

Comment #4

ွှThank you ပါ… ညီလေး ဇော်သက်ဦး…

commentinfo By: Nayihtet at Jun 10, 2011
Comment #5

အရမ်းကောင်းတယ်အကိုကြီးးးးအားပေးသွားတယ်နော်…….

commentinfo By: myintmo at Jun 10, 2011
Comment #6

အကုန်လုံးတော့ ကြိုက်ပါရဲ့  ဒါမဲ့ဒိအပှဒ်လေးတွေ ကိုပိုသဘောကျတယ်….တစ်ခါက စိမ်းလန်းခဲ့ ဖူးမယ်ဆိုတဲ့
တောတန်းလေး ရိုးပြတ်တော ဖြစ်ခဲ့ဖူးတယ်

တဟုန်ဟုန်း ထတောက်လိုက်မယ့်ဆိုတဲ့
အရှိန်တွေက ကောက်ရိုးမီးတောက် ဖြစ်ခဲ့ဖူးတယ်

တစ်ခါက ဆောင်း…
နှင်းတွေ ဝေ နေခဲ့ပေမဲ့
အဓိပ္ပာယ်လွဲလွန်းခဲ့ချင်တော့
နှင်းပျောက်ခဲ့တဲ့ ဆောင်းညအိမ်မက်တွေက အခုထိ မက်နေတယ်ပြန်လာမယ်ဆိုတဲ့ လမ်းကလေး
နေတွေ ပူလိုက် မိုးတွေ ရွာလိုက် နှင်းတွေ ကျလိုက်နှင့်
လမ်းပျက်ကလေး မဖြစ်အောင်တော့ ဆုတောင်းခဲ့ဖူးတယ် တဲ့ ကယ် ဘယ်လောက်မိုက်တဲ့ စာသေးလေးလဲ နော် .နောက်ထမ် အများကြိးရေးအုံးနော် ဆက်အားပေးနေမယ် ကိုကြိး

commentinfo By: thura at Jun 10, 2011
Comment #7

ချစ်ညီလေး သူရနှင့် ချစ်ညီမလေး မြင့်မိုရ် တို့ကို အစ်ကိုကြီး တကယ့်ကျေးဇူးတင်တယ်… အစ်ကိုကြီး ကို အစဉ်တစိုက် အားပေးခဲ့အတွက် အထူးတလည် ကျေးဇူးတင်မိတယ်…

commentinfo By: Nayihtet at Jun 10, 2011
Comment #8

အစဉ်တစိုက် ဆိုတာထက် ထာဝရ အားပေးနေမှာပါ ကိုကြိး။ဒိလို ကောင်းတဲ့ ကဗျာတွေ ထဲက ဗဟုသုတ တွေ အများကြိး ရလိုပါ ။

commentinfo By: thura at Jun 10, 2011
Comment #9

xo good ကိုနရီထက်း)

commentinfo By: မိုးသစ်လေပြေ at Jun 10, 2011
Comment #10

ကိုနရီထက်ကဗျာလေးတွေကြိုက်တယ်….ပုံမှန်လည်းဖတ်ချင်တယ်
အားပေးနေတယ်နော်

commentinfo By: အသဲကွဲမိုး at Jun 10, 2011
Comment #11

မိုးသစ်လေပြေ နှင့် အသဲကွဲမိုး တို့ကို ကျေးဇူးတင်ပါသည်။

commentinfo By: Nayihtet at Jun 11, 2011
Comment #12

ကောင်းတယ်ဆိုရမှာပဲ… 🙂

commentinfo By: အောင်ရဲသူ at Jul 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment