Professional Authors

နှစ်ကိုယ်ခွဲ

ပြုံးနေတဲ့လမင်းလေးကို
၁၈၀ဒီဂရီလှည့်လိုက်တော့
မဲ့နေတဲ့နှုတ်ခမ်းလေးဖြစ်သွားတယ်။

ကမ္ဘာမှာတစ်ခါတစ်ခါ
အမြင်လေးပြောင်းကြည့်ဖို.လိုတယ်ညီမလေး။

ဘာရယ်မဟုတ်ပါဘူး
တွေးမိတာလေးပါ
နာကျင်ဖွယ်စိတ်ကူးယဉ်ခြင်းတစ်မျိုးပဲဆိုပါစို.။

မင်းဆီကိုပျော်ရွှင်မှုတွေသယ်ယူလာတော့
အပြုံးတွေနဲ.ကြိုဆိုသလို
ဒဏ်ရာတွေနဲ.ခိုဝင်လာရင်
မင်းဆီးကြိုပြုစုချင်မှာလား။

ကြင်နာမှုမြတ်နိုးမှုတွေပြည့်နေတဲ့ငါ့ကို
မင်းချစ်တယ်ဆိုပေမယ့်
ဘ၀မှာမောပန်းလွန်းလို.
အချစ်ဆိုတာကိုငါမေ.နေချိန်မှာကော
ငါ့ကိုမင်းချစ်နိုင်ဦးမှာလား။

ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ.
ရှေ.ဆုံးကငါ့ကိုဂုဏ်ယူလက်ခုပ်တီးသလို
နောက်ဆုံးမှာအရှူံးနဲ.ခြေမလှမ်းနိုင်တော့တဲ့ငါဆိုရင်
အားပေးလက်ခုပ်တီးမှာလား။

မျက်လုံးလေးမှိတ်
သက်ပြင်းလေးချပြီးမေးချင်တယ်
ငါဟာငါဖြစ်တာနဲ.ပဲမချစ်နိုင်ဘူးလားကွယ်။ ။

In: ကဗျာ Posted By: Date: May 25, 2010
Comment #1

ညီမလေးက အားပေးလက်ခုပ်တီးမလား.. မတီးလားတော့မသိ..
ဖြိုးကတော့ ကဗျာလေးကို အားပေးသွားပါကြောင်း…(:
clapping clapping..

commentinfo By: melodyphyO at May 25, 2010
Comment #2

ငါကို ငါ အနေနဲ့ မကြည့်ပဲ…
ငါဟာ သူအနေနဲ့ သူ့နေရာကဝင်ကြည့်ပေးလိုက်ရင် ကိုမိုးညို လိုချင်တဲ့ …
အဖြေထွက်ကောင်းပါရဲ့လေ…..

commentinfo By: မှုံရွှေရည် at Aug 1, 2010
Comment #3

ကိုမော်နီရေ … နေရာတိုင်းမှာကဗျာတွေ့နေရတယ် ..အရမ်းတော်တယ်ဗျာ …
အရေးအသားလည်းကောင်းတယ် .. 🙂

commentinfo By: chityellusoelay at Aug 20, 2011
Comment #4

chit hmar par.
sate ma pu ne.
he,,he,,

commentinfo By: ei lay at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment