Professional Authors

အပြုံးနွံ နစ်သူ (နှောင်ကြိုးသစ်)

ရုန်းထွက်ခက်တဲ့ နှောင်ကြိုးရဲ့
တုတ်နှောင်ခြင်းနဲ့အတူ
မွန်းကျန်ခဲ့…

အမှောင်ထုရဲ့ဝင်္ကပါထဲ
လျှောက်လှမ်းရင်း
အဆိပ်ဆူးကိုနင်းမိ…

မြို့ရိုးကိုအခိုင်ဆောက်တုန်း
ငလျင်သင့်ခံရ…

လေညှင်းနောက်လိုက်ရင်း
မုန်တိုင်းမိခဲ့…

ဝေခွဲမရတဲ့ အသိတွေ
ရင်ထဲကပြေးထွက်အလာ
ရက်စက်မှုတွေက ကြိုနှင့်…

အားအင်ယုတ်လျော့သွားတဲ့
နေမင်းက ဝေဝါးစွာ
ခေါင်းပြူကြည့်နေလေရဲ့…

In: ကဗျာ Posted By: Date: Aug 22, 2011
Comment #1

nice,

commentinfo By: ei lay at Aug 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment