Professional Authors

နောက်တစ်ကြိမ်သာဆိုရင်……..။ ။

နင့်ချစ်သူဘ၀ ရကတည်းက
နင်နဲ့ပဲ ရှေ့ဆက်
နင့်အတွက်ပဲ ခံစား
နင့်ကိုပဲ ငါ့ရင်ဘတ်ထဲ ထည့်ထားခဲ့တယ်….။
နင်မဟုတ်တဲ့ တခြားသူနဲ့
နောက်တစ်ကြိမ်သာဆိုရင်
ဒီလိုဖြစ်တည်ရမယ့် အခြေအနေတွေလည်း…..ငါ    မလိုလားခဲ့ဘူး…။
 
နင်ငါ့ကို မေ့ထားတုန်းက
ငါ့ရယ်သံတွေ ခြောက်ကပ်
နေ့စဉ်ဘ၀က အဓိပ္ပါယ်မဲ့
နင်ကလွဲရင် ဘာကိုမှ မလေးမနက်
နင့်ကိုလည်း စိတ်မှာ မနာရက်ဘဲ
နင်နဲ့ချစ်ခွင့်
နောက်တစ်ကြိမ်သာဆိုရင်
နင်တွဲဖူးသော သူတွေထက် ငါ…ပိုကြင်နာပြရင်း……
နင် နာကျင်ရသမျှကိုလည်း ဖြေသိမ့်ပေးဖို့
ငါ ဆုံးဖြတ်ထားဖူးတယ်……။
 
နင် ငါ့ကို ရက်စက်ခဲ့တုန်းက
အဲ့ဒီ့မျက်ရည် ငါမနှစ်သက်
နင်ကပေးလို့ ငါ မငြင်းခဲ့မိလည်း
ရင်ကွဲနာဆိုသော အတွေ့အကြုံအား
ရင့်သီးစွာနဲ့ ငါ ခါးသီးမိတယ်
ဒီလိုအဖြစ်မျိုး
နောက်တစ်ကြိမ်သာဆိုရင်
ရင်ထဲမှာ ဘာမှမရှိအောင်
ဒဏ်ရာတွေ နေရာယူတော့မှာမို့
ငါအသည်းကွဲစေဖို့ဆို…..တွယ်တာခြင်းတွေနဲ့လည်း
ထက်ပြီး မလှည့်စားပါနဲ့…..။
 
နင့်အချစ်တွေ ပြန်ပိုင်ဆိုင်ရခွင့်ရမှ
ပေးဆပ်ရခြင်းကို သဘောပေါက်
နားလည်မှုတွေ ခြေရာခံ
ခွင့်လွတ်ခြင်းတွေနဲ့လည်း ငါ ….ပြင်ဆင်ထားတယ်
နင်ထားခဲ့မယ့်အချိန်
နောက်တစ်ကြိမ်သာဆိုရင်
ဟိုး အရင်ကထက်လည်း ငါပိုချစ်ရင်း
အသက်မဲ့သွားမယ့် ငါ့နေ့တွေ……
အလိုလိုနေရင်း ရင်ဆိုင်မိလိမ့်မယ်……။
…………နင်သာ နောက်တစ်ကြိမ် ….
ထားရစ်ခဲ့မယ် ဆိုရင်ပေါ့……။
In: ကဗျာ Posted By: Date: May 18, 2011
Comment #1

နင်ငါ့ကို မေ့ထားတုန်းက
ငါ့ရယ်သံတွေ ခြောက်ကပ်
နေ့စဉ်ဘ၀က အဓိပ္ပါယ်မဲ့
နင်ကလွဲရင် ဘာကိုမှ မလေးမနက်
နင့်ကိုလည်း စိတ်မှာ မနာရက်ဘဲ
နင်နဲ့ချစ်ခွင့်
နောက်တစ်ကြိမ်သာဆိုရင်

commentinfo By: ခင်ဘုန်းနေ at May 18, 2011
Comment #2

har,,,,
ma kay,,,heart hti de,
a hman tway tate ma pyaw par ne,,
taung pan par de.
d hmar,,shint kyaunt ngo nay ya p.

commentinfo By: ei lay at Aug 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment