Professional Authors

အတောင်ပံတွေဝဲစားနေတဲ့နတ်

သူဟာနတ်သူငယ်

အတောင်ပံတွေဝဲစားနေတဲ့နတ်သူငယ်

ဈေးကြီးတဲ့မူးယစ်ဆေးတွေကိုကြိုက်တယ်

ပိုက်ဆံရှိတဲ့အခါ

သူ့နှာခေါင်းကိုပလပ်စတစ်ဆာဂျရီလုပ်ကောင်းလုပ်မယ်။

အညွန့်ကျိုးခါစ ပန်းပွင့်တွေပေါ်မစင်စွန့်လို့

ပြီးရင်အနာခြောက်တွေဖဲ့ခွါစားလို့

သူ့ကြိုက်တာသူလုပ်မယ်

သူရှိတာသူစားမယ်

မင်းဘယ်တော့မှဖြစ်မလာတဲ့

သူ့မှာမရှိတဲ့အရာတွေ ရယ်

ဖန်သားပြင်ဆန်ဆန်လူသားတွေအတွက် သော့ခလောက်တွေတီထွင်

မင်းသူ့ကိုကြည့်ချင်မှာမဟုတ်ဘူး

မင်း သူ့လိုပဲဖြစ်ချင်မှာ

 

မင်းဟာအမေမတောက်တခေါက်ထွင်ထားတဲ့စာခြောက်ရုပ်

သူ့ရဲ့စိုက်ခင်းကိုပစ်ထားလိုက်ပေတော့။

 

သူပဲဖန်ဆင်း

သူပဲဖျက်စီး

သူပဲကယ်တင်

သူပဲအသေသတ်

အကယ်၍မင်းပြန်မလာလည်း

သူ့ကိုဘယ်တော့မှချန်ထားလို့ရမယ်မထင်လေနဲ့။

 

MSH

*inspired from \MM/

In: ကဗျာ Posted By: Date: May 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment