Professional Authors
မိုး……ရွာဖို့ မလိုတော့ဘူး (မိုးထက်အောင်)
မိုး……ရွာဖို့ မလိုတော့ဘူး
ကျွဲနှစ်ကောင် ခတ်တဲ့ပွဲမှာ
ဟောဒီ့ကောင်ရဲ့အသည်း ကွဲခဲ့ရတယ်
တစ်နေရာတည်းကိုပဲ အကြိမ်ကြိမ်ပစ်နေရတယ်လို့ 
စကားလုံးတွေနဲ့ သတ်လို့ သေခဲ့တဲ့သူ
ကျွန်တော့်ကို မသဂြိုဟ်ကြပါနဲ့ 
ကိုယ့်အရိုးကိုယ်ပြာချပါရစေ….
….
(နွေရယ်…….)
ကျွန်တော့်တစ်ဘ၀လုံးကိုပူလောင်ပေးပါ
ရင်ဘတ်တွေ စုတ်ပြတ်သပ်နေအောင် ခန်းခြောက်တယ်
(မိုး………….)
ကျွန်တော့်ကမ္ဘာထဲမှာ ရွာဖို့ မလိုတော့ဘူး
(ဟိုးအဝေးမှာ………)
မျက်ဝန်းထဲမှာတော့
စံပယ်တွေ ၀ုန်းဒိုင်းကြဲအောင်ကြွေခဲ့တယ်
မယုံနိုင်အောင်သေခဲ့တယ်
……………………………………………..
ကြွေ……………..
       ခဲ့ ……………………….
            တယ်…………………………….
(ဒီမိုးမှာ………)
တရားလွန် မုန်တိုင်းပါတာ
(ကျွန်တော်ဆိုတဲ့ ငတုံးက)
သေသေချာချာမှ မသိလိုက်ခဲ့မိတာဗျာ……..
………………………………………………………….
ကျွဲနှစ်ကောင် ခတ်တဲ့ပွဲမှာ
ဟောဒီ့ကောင်ရဲ့အသည်း ကွဲခဲ့ရတယ်
ကိုယ့်အရိုးကိုယ်ပြာချပါရစေ….….
(ထပ်ပြောပါရစေ…….)
ကျွန်တော့်ကမ္ဘာထဲမှာ
(မိုး……..)
ရွာဖို့ မလိုတော့ပါ ဘူးဗျာ……..
……………………………………………..
(တောင်းပန်ပါတယ်…….)။                    ။
                                         မိုးထက်အောင်
In: ကဗျာ Posted By: Date: May 17, 2011
Comment #1
…………………………………..
မစွတ်စိုပါစေနဲ့တော့…….မိုးထက် …အမ အားပေးသွားပါတယ်
commentinfo By: အသဲကွဲမိုး at May 29, 2011
Comment #2
အား​ပေးသွားပါတယ်
commentinfo By: မာန်​ခက်​ဝင့်​ at Jun 15, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment