Professional Authors

အချစ်သက်သေ

ငါ့ဘ၀က ခါ်းတယ်
ဒါကြောင့်ပေါ့ပါးပျော်ရွှင်ဟန်ဆောင်ခဲ့ တယ်
ငါ့ကို မြင်တဲ့ သူတိုင်းက တော့
ပြုံးနေတာကို ပဲမြင်မှာပေါ့
ငါ့ရင်ထဲ က ဘာကို မှ မြင်မှာမဟုတ်ဘူး
ချစ်သူ နင်လဲအတူတူပဲ
ငါ့ရင်ထဲ ၀င်မကြည့် ဘဲ
အပေါ်ယံပြောတတ်တဲ့ ငါ့စကားတွေကို ပဲ
နားလည်ဖို့ မကြိုးစားပါနဲ့ 
ငါလည်းလူပါပဲ
စိတ်ဆိုးစိတ်ကောက်တတ်တာပေါ့
သ၀န်လည်းတိုတတ်တာပေါ့
ဖြစ်နိုင်ရင် မင်းရဲ့ ရှိခဲ့ ဖူးတဲ့ အတိတ်တွေကို ပါ
ဖျက်ဆီးပစ်ချင်တာ
ဒါပေမဲ့ 
ငါ့အချစ်တွေက မင်းအတွက်
အေးမြခြင်းပဲ ဖြစ်စေချင်ခဲ့တာ
ငါ့ အချစ်ရဲ့ တန်ဖိုး
ငါ့အချစ်ရဲ့ သိက္ခာ
ငါ့ နှလုံးသားကို
ငါတန်ဖိုးထားတယ်
မင်းပြောခဲ့ဖူးတယ်
ရင်ဘတ်ချင်းနီးရင်
သိရမှာပေါ့တဲ့ 
ငါလည်းအဲဒီတစ်နေ့ကို
စောင့်နေတာ
နင်နားလည်မဲ့ တစ်နေ့ကို ပေါ့
အဲဒီမတိုင်ခင်မှာတော့
“အပျော်ပဲလေ
ဘာမှဖြစ်ခဲ့ကြတာမှမဟုတ်တာ
ဟုတ်တယ်မဟုတ်လား”
ှဆိုတာမျိုးနဲ့ တော့ငါ့အချစ်တွေကို
နင်းချေမပစ်ပါနဲ့ 
တောင်းပန်ပါတယ်
ငါ့ရဲ့ အချစ်ကို သက်သေပြဖို့ ဆိုရင်
အချစ်တစ်ခုပဲလိုအပ်တယ်

In: ကဗျာ Posted By: Date: Aug 20, 2011
Comment #1

ငါ့ရဲ့ အချစ်ကို သက်သေပြဖို့ ဆိုရင်
အချစ်တစ်ခုပဲလိုအပ်တယ် .. အချစ်ကိုသက်သေပြဖို့ .. အချစ်တစ်ခုပဲလိုတယ် .. နည်းနည်းတော့
ဆန်းသလိုပဲနော် … အားပေးသွားပါတယ်ခင်ဗျာ ….။

commentinfo By: chityellusoelay at Aug 20, 2011
Comment #2

great.
great,

commentinfo By: ei lay at Aug 20, 2011
Comment #3

ငါ့ရဲ့ အချစ်ကို သက်သေပြဖို့ ဆိုရင်
အချစ်တစ်ခုပဲလိုအပ်တယ်

Comment #4

ချစ်ပါတယ်လို့ နှုတ်ကပြောနေတာထက်
တကယ်ရင်ထဲက လာတဲ့ အချစ်က ပို တန်ဖိုးကြီးတယ်လို့ ဆိုလိုချင်တာပါ

commentinfo By: Blar at Aug 27, 2011
Comment #5

be lo pe pyaw pyaw,,,\
be bat ka pe tway kyi tway kyi,,,\
nin a paw hmar tan phoe htar myat noe de ngar a chit tway,than yaw zin tway ko bar ne hma tat tay pya sa yar ko ma lo dot tar par.

commentinfo By: ei lay at Aug 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment