Professional Authors

အရသာတစ်မျိုးတည်းထွက်တဲ့ အချစ်(မင်းလူန)

ဒဏ်ရာတစ်ခုမှာ
အပေါက်အပြဲတွေထက်
လှိုက်စားခံရခြင်းကပိုပြီး
ကြောက်ဖို့ ကောင်းလိမ့် မယ်ထင်တယ်………..မေ
ဒါကငါ့ သီအိုရီတွေထဲကသက်ဝင်မှု့ တစ်ခု
ခုငါ့ မှာ
မင်းစိတ်နဲ့ ငါ
မဟုတ်သေးဘူး
ငါ့ စိတ်နဲ့ ငါငရဲကျနေတယ်……………
တစ်ကယ်ဆိုပူလောင်နေရတာကိုက
အချစ်ရဲ့ ဝိသေသတစ်ခုမှန်း
စောစောသိခွင့် ရရင်
သည်ခန္ဒာစရလာကတည်းက
ဒုက္ခသစ္စာကိုယထာဘူတကျကျ
လေ့ လာပြီးခံနိုင်ရည်မွေးမိမှာပါ
ငါ့ ရင်ထဲ
အတွင်းကြေနေတဲ့ လှိုက်စားမှု့ တွေနဲ့ 
မနက်ဖြန်တွေတောင်
ကြိုပြီးအကျည်တန်နေလောက်ပြီ……………..
………………………………………………..မင်းလူန

In: ကဗျာ Posted By: Date: Apr 24, 2011
Comment #1

ခုငါ့ မှာ
မင်းစိတ်နဲ့ ငါ
မဟုတ်သေးဘူး
ငါ့ စိတ်နဲ့ ငါငရဲကျနေတယ်…

commentinfo By: မယ်မနော at Apr 24, 2011
Comment #2

ဒဏ်ရာတစ်ခုမှာ
အပေါက်အပြဲတွေထက်
လှိုက်စားခံရခြင်းကပိုပြီး
ကြောက်ဖို့ ကောင်းလိမ့် မယ်ထင်တယ်…
ခုငါ့ မှာ
မင်းစိတ်နဲ့ ငါ
မဟုတ်သေးဘူး
ငါ့ စိတ်နဲ့ ငါငရဲကျနေတယ်……………
တစ်ကယ်ဆိုပူလောင်နေရတာကိုက
အချစ်ရဲ့ ဝိသေသတစ်ခုမှန်း
စောစောသိခွင့် ရရင်
သည်ခန္ဒာစရလာကတည်းက
ဒုက္ခသစ္စာကိုယထာဘူတကျကျ
လေ့ လာပြီးခံနိုင်ရည်မွေးမိမှာပါ ………………. ( အားေ ပးသွား ပါတယ်)

commentinfo By: Ma y Kha at Apr 24, 2011
Comment #3

ငါ့ စိတ်နဲ့ ငါငရဲကျနေတယ်……………
တစ်ကယ်ဆိုပူလောင်နေရတာကိုက
အချစ်ရဲ့ ဝိသေသတစ်ခုမှန်း
စောစောသိခွင့် ရရင်
သည်ခန္ဒာစရလာကတည်းက
ဒုက္ခသစ္စာကိုယထာဘူတကျကျ
လေ့ လာပြီးခံနိုင်ရည်မွေးမိမှာပါ ..လေးစားပါတယ်ဆရာ

commentinfo By: sharon myorr myor at Mar 22, 2012
Comment #4

🙁
🙁
🙁

commentinfo By: ei lay at Oct 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment