Professional Authors

မနက်ဖြန် အတွက်

ကောင်မလေးရေ
အပိုတွေကို
ငါမဆိုခဲ့ပါဘူး
ရင်ထဲ မှာခံစား
ဘ၀အမောများကို သာ
ငါ ထုတ်ဖော်ခဲ့တာပါကွာ

ဘာကြောင့်မှန်းမသိဘူး
မင်းဝမ်းနည်းတိုင်းလေ
ငါ့ရင်ထဲ နေမင်းခပေါ့………

ဘာကြောင့်မှန်းမသိဘူးလေ
မင်းဝမ်းသာတိုင်း
ငါ့ရင်ထဲ လမင်းလေးသာပေါ့………..

သွေးမတော်တဲ့မင်းနဲ့ငါ
သားမစပ်တဲ့မင်းနဲ့ငါ
ဘာကြောင့်များငါ လေ
မင်းစိတ်ကို သိနေရတာလဲ…………

မင်းဒုက္ခရောက်မှာ
စိတ်ပူတဲ့ငါ……..
မင်းပျော်အောင်
ဖန်တီးပေးတဲ့ငါ……

သေချာတာ ကတော့
စက္ကန့်မလပ်
အချိန်နှင့်အမျှခံစားနေရတဲ့
ငါ့ရင်ထဲ မှာ
ဖြစ်ပေါ်နေတဲ့
စကားတစ်ခွန်း
မနက်ဖြန်ငါပြောမယ်နော်………….။

In: ကဗျာ Posted By: Date: Dec 11, 2011
Comment #1

မနကိဖြန်ဆိုတာမသေချာဘူး..ဒီနေ့ကပိုသေချာတယ်ကိုမိုးကြီးရေ……:P

commentinfo By: May Kha at Dec 12, 2011
Comment #2

he,,he,,
hote de,,hote de,,
i agree with may kha.
tomorrow isn’t sure.
today is perfect,

commentinfo By: ei lay at Dec 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment