Professional Authors

အချစ်သက်သေ ( လူဆိုး )

မျက်လုံးမှိတ်ထားလည်း..မြင်နေရတယ်
နားတွေပိတ်ထားလည်း..ကြားနေရတယ်
နေ၇ာတိုင်းမှာ..အချိန်ပြည့်ရှိနေတယ်
ပြုံးအောင်ပြုစားနိုင်သလို..
ငိုအောင်လည်းဖမ်းစားနိုင်တယ်
ကျရှုံးအောင်..ဖန်တီးနိုင်သလို
အောင်မြင်အောင်လည်း..စွမ်းဆောင်နိုင်တယ်
ရင်ဘတ်ထဲမှာနေရာပေးလိုက်တာနဲ့…ဖြန့်ကျက်သွားလိုက်တာ..
ဘ၀ရဲ့အစိတ်ပိုင်းအားလုံးကို
ချစ်သူကနေရာအပြည့်ယူသွားတော့တာပဲ…♥♥♥
အချိန်ဆိုတာအကောင်းဆုံးသက်သေပါ…ချစ်သူ
အချစ်ဆိုတာကို..အချိန်ဆိုတဲ့..အ၇ာနဲ့ပဲ..ပေးဆက်ပါ၇စေ
အဖိုးတန်ဆုံးအနာဂတ်တွေမှာ..ကို့ဘဝရဲ့ဖြစ်တည်မှုဟာလည်း..ချစ်သူပါပဲ
စိတ်ဆိုတဲ့အရာတွေနဲ့ပဲ..ချစ်သူရဲ့ရင်ထဲကို..တံတားတစ်စင်းထိုးထားတယ်..
အဲတံတားပေါ်မှာပဲ..ကိုတို့ပျော်ရွင်စွာဖြတ်သန်းကြရအောင်နော်..ချစ်သူ..♥♥♥

In: ကဗျာ Posted By: Date: Jun 21, 2011
Comment #1

အားပေးနေတယ်…။

Comment #2

ကျေးဇူးတင်ပါတယ်ခင်ဗျ…. 🙂

commentinfo By: chityellusoelay at Jun 22, 2011
Comment #3

lu soe ye,,taw like dar.
really perfect.

commentinfo By: ei lay at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment