အဖြူရောင် နတ်သမီး
စူးရှဝင်းလက်တဲ့ နေရောင်ခြည်အောက်မှာ
ညီမလေးတစ်ယောက် မတ်မတ်ရပ်နေတယ်၊
ညီမလေးဟာ
ပလွှားဖို့အတွက် မဟုတ်
ဝမ်းရေးအတွက် ပြေးလွှားလှုပ်ရှားနေရတဲ့
ဝန်းကျင်တစ်ခုရဲ့
တစ်စိတ်တစ်ဒေသ အဖြစ်လည်း ရှိနေခဲ့တယ်၊
အနီရောင် စကတ်ကလေးနဲ့
ညီမလေးရဲ့ ပါးပြင်က
သနပ်ခါးပါးကွက် ကလေးဟာ
တစ်လုံးပြီး တစ်လုံးတက်လာတဲ့ ဖုန်လုံးတွေကြား
မျက်နှာလေးကို ငယ်လို့၊
ညီမလေးရဲ့ မျှော်လင့်ခြင်းဆိုတာ
အမေတစ်ယောက်ဆီက မုန့်ဖိုးရဖို့
ကလေးတစ်ယောက်ရဲ့ မျှော်လင့်ခြင်းမျိုး
ဆရာတစ်ယောက်ရဲ့ ချီကျူးစကားသံ အတွက်
ကျောင်းသားတစ်ယောက်ရဲ့ မျှော်လင့်ခြင်းမျိုး
ကစားကွင်းသွားရဖို့
အဖေတစ်ယောက်ပြန်အလာကို စောင့်နေတဲ့
သားတစ်ယောက်ရဲ့ မျှော်လင့်ခြင်းမျိုး
ဆိုတာတွေထက်ကို လေးနက်လို့
မိသားစု မနက်စာကိုတွေး
ဖျတ်ခနဲ လှမ်းကြည့်ရင်တောင်
အပြုံးနွေးနွေးလေးနဲ့ ခွံ့ရှာတယ်၊
ညီမလေးဘ၀ဟာ
ညီမလေးလက်ထဲက စံပယ်ကုံးတွေလို အလှမ၇ှာဘူး
ဆိုပေမဲ့
ညီမလေး အချင်းဟာ
စံပယ်ပွင့်တွေလို မွှေးမှာသေချာတယ်၊
ညီမလေးရဲ့ စိတ်ဓါတ်ဟာလည်း
စံပယ်ပွင့်တွေလို
မညှိုးနွမ်းလွယ်ဘူးလို့ ယုံကြည်ရတယ်၊
“၁၁နာရီလောက်ရှိတော့မယ်
ပန်းတွေကလည်း မကုန်သေးဘူး
ဗိုက်ဆာလိုက်တာ
အမေ မျှော်နေလောက်ပြီ
ထမင်းလည်း မချက်ရလောက်သေးဘူး” ဆိုတဲ့
ညီမလေးရဲ့ ပူပင်သောကတွေဟာ
ညီမလေးရဲ့မျက်ဝန်းမှာ
ကလေးတစ်ယောက်နဲ့ မတန်အောင်ကိုလူးလွန့်လို့၊
ကားတစ်တန်းကြီး ပြိုင်အကျမှာတော့
လက်ခနဲစိုသွားတဲ့ မျက်ဝန်း
စံပယ်ကုံးတွေ ရောင်းပြီးသွားချိန်
သူမရဲ့ အိမ်အပြန်လမ်းဆီ
ချာခနဲ လှည့်ပြေးသွားတဲ့
ညီမလေးရဲ့ ခြေလှမ်းတွေ၊
အဲဒီအချိန်ခဏမှာ
ညီမလေးမှာ
တာဝန်သိမှုအလင်းရောင်တွေ ဖြာထွက်
လောကရဲ့ အလင်းရောင်တောင်
ခဏမှိန်သွားသလိုပါပဲ၊
ချီးကျူးထိုက်တဲ့ ညီမလေးရယ်
ပြင်ဦးလွင် ၁၆မိုင်
တစ်ခုသော စနေ မနက်က
မြင်ကွင်လေးတစ်ခု အတွက်
တကယ့်ကို လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်ပါတယ်။
Comment #2
ကောင်းလိုက်တာဗျာအားပေးသွားပါတယ်။
By: poem.poem28 at Aug 19, 2011
Comment #3
သနားစရာ ညီမလေး ဘ၀ပါ ဒါပေမဲ. မိဘ လုပ်ကျွေးနေတာကတော. ချီူးကူးစရာကောင်းပါတယ်
By: kyaw thi ha at Aug 15, 2012
Comment #4
မင်္ဂလာပါ
By: kozaw.zaw at Feb 28, 2013
Comment #5
*-*
By: ei lay at Feb 28, 2013
Comment #6
ဖတ်ရှုအားပေးကြတဲ့ ကဗျာချစ်သူအားလုံးကိုကျေးဇူးတင်ပါတယ်
By: nwe nyein at Feb 28, 2013
Comment #7
ကူးသွားးးးးတယ်ဗျိုးးးးးးး။ကောင်းလိုက်တဲ့ကဗျာာ
By: အရိပ် at Feb 28, 2013




Comment #1
အရမ်းကိုခံစားရပါတယ်. အဲ့ဒ်ီညိမလေးလိုဘ၀မျိုးတွေအများကြီးပဲ……
အားပေးသွားပါတယ်