တဖက်သက်ချော့တေး (ခင်ဗျားလျစ်လျူရှုတဲ့..ကျုပ်ရဲ့ )
သံသယတွေ အပို ပါမလာခဲ့ဘူးဆို
 အနာတရတွေဖြစ်အောင်
 မတိုက်ခိုက်ပါနဲ့ဗျာ…….
 ခင်ဗျားနှုတ်ကထွက်တဲ့ စကား….
 ………………………..
 အသေးစားလောက် ကြမ်းရင်တောင်
 အသည်းကျွမ်း..စေတတ်လို့…..
 ဒဏ်ရာကင်းကင်း…..သည်းထန်ခွင့်လေးပေးသနားပါ…….
 သင့်ကောင်းကင်မှာ..ဒီမိုး…………မစဲ စေရ။
 ပွင့်ပွင့်လင်းလင်း….ပြောကြေးဆို..ခင်ဗျားရက်စက်တယ်ဆိုတာ
 ကျုပ်သိတတ်ခဲ့ပြီးသား
 အပျင်းပြေ…ဖို့…..အပျင်းဖြေရအောင်
 ခင်ဗျားက……စာအုပ်တအုပ်…၀ထ္ထုတပုဒ်မှ..မဟုတ်ပဲ
 ခဏခဏအပြစ်တွေတင်
 တစစတိုးကာ..အနိုင်မကျင့်ပါနဲ့………..
 စဲစေချင်စဲ..သည်းစေချင်သည်းနဲ့
 ….ခင်ဗျားအတွက်နဲ့မှ……
 12 ကြိုးကဝေ….ဖြစ်…
 ဒီမိုး….အသည်း…နုတတ်လွန်းတယ်။
 မြင်သာထင်သာမရှိတဲ့အချစ်ဆိုပေမယ့်
 မနှင်သာ…မခွဲသာ…စွဲလမ်းခဲ့သူမို့
 ခင်ဗျား…..ရှိတဲ့..ဒီရွာထဲ……….
 လိုအပ်တယ်ဆိုခဲ့ရိုး….မှန်ရင်
 အဆင်မသင့်ခဲ့လည်း…..ဘ၀င်မြင့်စွာရွာသွန်းပါ့မယ်။
 တကယ်ဆို…………
 ခင်ဗျားဆိုတာ
 ကျုပ်တဘ၀စာ…ထုတ်ပိုးသိမ်းဆည်းထားချင်တဲ့
 ရွှေကြုတ်လေးပါဗျာ………
 ……………………..
 အကျင့်အကြံမှာ….အစစ်အမှန်သာ..သွန်းထားတဲ့သူမို့
 ခင်ဗျားကို ချစ်တဲ့စိတ်နဲ့ ပတ်သက်
 ………………………………….
 အဲဒီ..အပိုပါမလာတဲ့သံသယတွေ.နဲ့
 မပုပ်ခတ်ပါနဲ့။…ဒီမိုး..ရှေ့ဆက်ဖို့..ခက်ခက်နေလို့ပါ။ ။
(ကျွန်တော်..မရက်စက်တတ်ပါဘူး)
Comment #2
မမိုး….တကယ် ကောင်းတယ်ဗျာ ကြိုက်လည်း ကြိုက်တယ်
ထပ်တူခံစားအားပေးသွားပါတယ်ဗျာ….
                        By: poem.poem28 at Jan 20, 2012
                    Comment #6
မြင်သာထင်သာမရှိတဲ့အချစ်ဆိုပေမယ့်
မနှင်သာ…မခွဲသာ…စွဲလမ်းခဲ့သူမို့
ခင်ဗျား…..ရှိတဲ့..ဒီရွာထဲ……….
လိုအပ်တယ်ဆိုခဲ့ရိုး….မှန်ရင်
အဆင်မသင့်ခဲ့လည်း…..ဘ၀င်မြင့်စွာရွာသွန်းပါ့မယ်။
                        By: May Kha at Jan 20, 2012
                    Comment #7
တစ်ပုဒ်ရေးတိုင်း အနာဟောင်းကိုတစ်ခါပြန်ဆွတယ်…
စကားလုံးနဲ့သတ်တဲ့ လူသတ်သမားပဲ
မကြီးမိုးကို တရားစွဲမယ်…
                        By: လွမ်းနောင်.. at Jan 20, 2012
                    Comment #11
အစ်မတော် ကဗျာမှာအစ်မနာမည်မတပ်ထားရင်တောင် ဒီကဗျာကအစ်မရေးထားမှန်းသိသာတယ်
အဲ့လောက်ကို အစ်မအရေးအသားတွေကပြောင်မြောင်တယ်ဗျ
အတည်ပြောတာနော် မုန့်စားချင်လို့မဟုတ်ဘူး
ကြိုးစားထား အစ်မတော်ရေ
အားပေးနေတယ် ။
                        By: X - ray at Jan 20, 2012
                    Comment #15
အမြဲသည်းခံပါ့မယ်ဆိုတဲ့ သံယောဇဉ်လေးက ရက်ရက်စက်စက်ထွက်သွားတယ်
မြတ်နိုးတန်ဖိုးထားခဲ့ရတာတွေအတွက် နောက်ဆုံးဆုလဒ်က ဒါပဲလားလို့ ငါ တွေးပြီးဆွေးကျန်တယ်
ဝါကျတွေမှားသွားရင် ဘယ်လိုတောင်းပန်ရတယ်ဆိုတာ ငါ တကယ်မသိသေးဘူး ကဗျာ
အပူလောင်ထားတဲ့နေရာမှာ အရည်ကြည်ဖုကြီးထနေတယ်
ဒါပေမယ့်
ရင်ထဲကဒဏ်ရာက ပိုနာနေတယ်လို့ပြောရင် ချစ်သူတွေကပဲ ဒီစာကြောင်းကို ပိုနားလည်လိမ့်မယ်
ကံဆိုးကောင်သွားလေရာ မိုးလိုက်လို့ခေါင်
သန်းခေါင်ယံမှာ နင့်ကိုလွမ်းတဲ့အကြောင်း ငါ့တယောအိုလေးနဲ့ ချွဲတော့
ကြယ်တွေအားလုံးက ပြက်ရယ်ပြုကြပြန်တယ်
ညက အိပ်လို့မပျော်ဘူး။
                        By: someone at Jan 21, 2012
                    Comment #16
သူများတွေ ပြောသွားတာကတော့ စုံနေတာပဲ။ လောလောဆယ် ကိုယ်တိုင်က အသည်းကွဲနေတာဆိုတော့ ဖတ်ရင်းနဲ့ ကဗျာရေးရင် ကောင်းမလားတောင် တွေးမိတယ်။ အားကျမိသွားတာလို့ ပြောရရမလားဘဲ။ အသည်းကွဲတာကို အားကျတာ မဟုတ်ဘူးနော်။ ကဗျာကောင်း တပုဒ်တွေ့လို့ စိတ်ထဲ ကဗျာရေးချင်စိတ် အလိုလို ပေါ်လာတာကို ပြောတာပါ။ လေးစားပါတယ်ဗျာ။ ကဗျာ သိပ်ကောင်းပါတယ်။
                                                                                                        ချီရွန် ( ပုလဲ )
                        By: ChIr0N at Jan 21, 2012
                    Comment #21
တကယ်ဆို…………
ခင်ဗျားဆိုတာ
ကျုပ်တဘ၀စာ…ထုတ်ပိုးသိမ်းဆည်းထားချင်တဲ့
ရွှေကြုတ်လေးပါဗျာ………
……………………..
အကျင့်အကြံမှာ….အစစ်အမှန်သာ..သွန်းထားတဲ့သူမို့
ခင်ဗျားကို ချစ်တဲ့စိတ်နဲ့ ပတ်သက်
………………………………….
အဲဒီ..အပိုပါမလာတဲ့သံသယတွေ.နဲ့
မပုပ်ခတ်ပါနဲ့။…ဒီမိုး..ရှေ့ဆက်ဖို့..ခက်ခက်နေလို့ပါ။ ။
(ကျွန်တော်..မရက်စက်တတ်ပါဘူး)
                        By: ဇော်သက်ဦး(Ayatekalay) at Jan 23, 2012
                    Comment #23
hote de
                        By: ei lay at Feb 3, 2012
                    Comment #25
be hna khar khar phat phat tay lout aung khide de,,ma moe yar,
                        By: ei lay at Mar 2, 2012
                    Comment #26
:'(
:'(
:'(
:'(
                        By: ei lay at Sep 5, 2012
                    Comment #27
စာသားတွေ အမြဲ တမ်းသစ်နေတယ်
အရမ်းလေးစားပါတယ်…………….
                        By: aunghtet at Dec 11, 2013
                    



 
Comment #1
တော်ကီတွေကို လေးစားလောက်ပါရဲ့ … အသဲကွဲနေတာတောင် စကားလုံးတွေက မထပ်သေးဘူးနော်… မိုး
အသဲကွဲမိုး ဆိုတဲ့ ကလောင်အတိုင်း တစိုက်မတ်မတ် ကြိုးစားအားထုတ် ရေးသားနေတဲ့ မိုး… ကို
လေးစားခင်မင်လျှက်ပါ…
နရီထက်