Professional Authors

ခင်ဗျား ရယ်သံတွေရဲ့ အဓိက ရေသောက်မြစ် နေရာက ရင်ဘတ်တစ်ခုအကြောင်း

ကျီးကန်းမျက်စေ့မဟုတ်ပေမယ့် ခင်ဗျားအတွက်ဆို ရှင်သန်ချင်လွန်းတဲ့ ကျုပ်အနာဂတ်တွေ
ဟို လို လို ဒီ လို လို
ဘာ လို လို ညာ လို လို နဲ့ ကြောင်တောင်တောင် ကဝေလမ်းထဲမှာ
ရစရာမရှိအောင်
တောင်းမှောက် ပျောက်ဆုံးသွားခဲ့ရတယ်
(ဒါတောင် ခင်ဗျား ရဲ့ ချွင်းချက် reason တွေအတွက် ကျုပ်က တကူးတက လမ်းခင်းထားခဲ့တာ – ကဝေဆိုတာ ကျွန်တော် လို့  ပြောလိုက်ပါဦး)

သူတကာ ထက် ပို နက်တဲ့ ကလေးအတွေး
“တနေ့နေ့ တော့ ” ဆိုတာ ကျုပ်ရဲ့အနာဂတ် ရွှေလမ်းငွေလမ်းကြီး
ခင်ဗျား မျက်ခုံးထူထူကြားထဲက ပွင့် ခြွေ ချ ပေး မယ့် အပြုံးတချက် နဲ့ ဖဲကြိုးဖြတ် လမ်းဖွင့် ဖို့ 
ကျုပ်ဆိုတဲ့ကောင်က ညတိုင်း အိပ်မက်တွေ မက် အိပ်မက်တွေ ဆက် ခဲ့တာ
( ကိုယ့် အရှက် ကိုယ်ဖုံးဖိ … မုန်းလိုက်မဟဲ့ မေ့လိုက်မဟဲ့ စာသားတွေနဲ့
တကယ် တမ်း လက်တွေ့မှာ ကျ ချန် ခဲ့ ခံ ရသူ က ကျုပ် – ခင်ဗျားအတွက် လိုတမျိုး မလိုတမျိုး စုန်းလိုမိန်းမသားမျိုးလို့  အမည်တပ်လိုက်စမ်းပါဦး)

“ည” ဆိုတဲ့ စာလုံးပေါင်း ကို အမှောင်ထဲမှာတင် နှလုံးသားနဲ့ ထွင်းမှတ်နေခဲ့သူကျုပ်
မနက်ဖြန်ဆိုတာကိုလည်းရင်းခဲ့ရတယ် ဒီနေ့ဆိုတာကိုလည်း ရင်းခဲ့ရတယ်
အဲသလို တယူသန် အလေအလွင့် ကောင် အတွက်
မနေ့ကဆိုတာ လေးမှာတောင် ခင်ဗျား ရှိနေသလား / ရှိနေပေးခဲ့ဖူးသလား..???.။
( မကြုံလည်း မမေးရက် ကြုံလည်း ဆွံ့အ နဲ့ အဲဒီ မစွတ်မပွတ်
စကားလုံးလေးတွေ ကြွေကျလာဖို့  အတွက် ကျုပ် ရင်ဘတ်ကို ချိတ်ပိတ် ပြာချထားခဲ့ – ခင်ဗျားရဲ့ လှည့်စားသူ သမိုင်းကြောင်းမှာ
ကျုပ်အကြောင်းက နံပါတ်တစ်လို့  ရေးခြစ်လိုက်ပါဦး)

ဇာတ်လမ်းက ပြီးတယ် / မပြီးဘူး
ဆုံးတယ် / မဆုံးဘူး

ဇာတ်သိမ်းက လန်းတယ် / မလန်းဘူး
ဆန်းတယ် / မဆန်းဘူး

အဲဒါတွေထက် ကျုပ်တို့  နှစ်ဦး ဘယ်အခါမှာ
ဆုံစည်းမယ် / မဆုံစည်းဘူး ဆိုတာကို
ကိန်းဂဏန်းတွေ တစ်လုံး တစ်ပါဒမျှ မပါဝင်ပဲနဲ့
မျှော်လင့်ချက်အလင်း တွေ အသေရိုက်ထည့်ပြီး
လိုချင်တဲ့အဖြေထွက်ဖို့ 
တဇွတ်ထိုး တွက်ချက်နေခဲ့တဲ့သူ ဟာ ကျုပ် .. ကျုပ်တစ်ယောက် ကျုပ်တစ်ဦး ကျုပ်တဖက်သတ်ကြီးရယ်
( သိမ်းပိုက်ဖို့  မေ့လျော့ခဲ့ပြီး / လျစ်လျူရှုခဲ့ပြီး – စွန့်လွှတ်
ထာဝရ လွှင့် ချန် ထား ခဲ့ သူ ဟာလည်း ကျုပ် ..ကျုပ် လို့သာ အပြီးသတ် မှာ ခင်ဗျားရဲ့ ရွှေပေလွှာကဗျည်းထက် ရေးစပ်ခဲ့ပါဦး)

ကျုပ်     အမြဲ         ကျေ နပ်        နေ       မှာ       ပါ ။ ။ ။

တကယ်က
ဒီကဗျာ အဆုံးသတ်ချိန်ထိ ကျုပ် ခင်ဗျားကို မမေ့နိုင်ဆဲ
ဒီကဗျာ ချောင်ကပ် OLD VERSION ဖြစ်သွားချိန်ထိတိုင် ကျုပ်ခင်ဗျားကို သတိရနေမိမှာ အသေအချာ
ဒီကဗျာ ဟိုးးးးးးးးးးးး စာလုံး အစ လေး ဖြစ်မလာခင်ကတည်းက ခင်ဗျားကို တရစပ် တမ်းတနေမိတဲ့

ကျုပ် အကြောင်း တပိုင်းတစ

ဟို အရင် လို
အလဲအကွဲ ကာရံတွေ နဲ့ အသဲကွဲလွမ်းဆွတ်နေကြောင်း  – ထွက်ကျ မလာစေဖို့  / မသိသာသွားစေဖို့  အရေး စိုက်ကာ
အားမာန်မရှိပဲ ကျားကန်ကန်ရင်း ကျုပ်ကိုကျုပ် သရော် လိုက် မိ တဲ့ စာတန်း တချို့ သက်သက်ပါ။

အားတယ် / အချိန်ပိုတယ် ဆိုခဲ့ရင် မပတ်သက်သလို အသွင်မျိုးနဲ့ ဖတ်ရှု အားပေးသွားတဲ့အကြောင်း
မသိယောင်ဆောင် comment လေး ရေး ပေး ခဲ့ ဗျာ။

 ။ ဒါနဲ့ကိုယ့်ဆြာ

ခင်ဗျားဟာ ကျုပ်အတွက်တော့ အမြဲ တန်း…… မြင်နေချင်ခဲ့/ မျှော်လင့်နေခဲ့သော ညဥ့်ဦးယံရောင်နီတန်းလေး ပါ

အဲဒီ ၀န်ခံချက်ကလေးကိုပါ အားပါးတရ လှောင်ရယ်ခဲ့ပေးပါဦး။

In: ကဗျာ Posted By: Date: Dec 18, 2013
Comment #1

WooooooW…… ရေလည်မိုက်တယ် စာသားတွေက

commentinfo By: ကြက်ခြေခတ် X at Dec 18, 2013
Comment #2

ခင်ဗျားဟာ ကျုပ်အတွက်တော့ အမြဲ တန်း…… မြင်နေချင်ခဲ့/ မျှော်လင့်နေခဲ့သော ညဥ့်ဦးယံရောင်နီတန်းလေး ပါ
……………………….
# # # အားပါးတရသာ လှောင်ရယ်ခဲ့ပါ # # #

commentinfo By: နွေ at Dec 18, 2013
Comment #3

အရမ်းကောင်းတယ်ဗျာ…….

commentinfo By: moehtetaung18 at Dec 21, 2013
Comment #4

ကျုပ် – ခင်ဗျားအတွက် လိုတမျိုး မလိုတမျိုး စုန်းလိုမိန်းမသားမျိုးလို့  အမည်တပ်လိုက်စမ်းပါဦး

အားမာန်မရှိပဲ ကျားကန်ကန်ရင်း ကျုပ်ကိုကျုပ် သရော် လိုက် မိ တဲ့ စာတန်း တချို့ သက်သက်ပါ။

ဒါနဲ့ကိုယ့်ဆြာ ….

မိုက် တယ် ဗျာ …

အားပေးလျှက် .. မျိုးဇင်

commentinfo By: MyoZin at Dec 21, 2013
Comment #5

ည” ဆိုတဲ့ စာလုံးပေါင်း ကို အမှောင်ထဲမှာတင် နှလုံးသားနဲ့ ထွင်းမှတ်နေခဲ့သူကျုပ်
မနက်ဖြန်ဆိုတာကိုလည်းရင်းခဲ့ရတယ် ဒီနေ့ဆိုတာကိုလည်း ရင်းခဲ့ရတယ်
အဲသလို တယူသန် အလေအလွင့် ကောင် အတွက်
မနေ့ကဆိုတာ လေးမှာတောင် ခင်ဗျား ရှိနေသလား / ရှိနေပေးခဲ့ဖူးသလား..???.။

မိုးရေ….ကောင်းချက်…. အရမ်းထိတယ်ဗျာ….
ခင်ဗျားကြီး ကျုပ်အတွက် ရေးထားသလားမှတ်ရတယ်….

commentinfo By: kaythari at Dec 21, 2013
Comment #6

ကောင်းတယ်ဗျာ ..

commentinfo By: J-13 at Jan 16, 2014
Comment #7

( မကြုံလည်း မမေးရက် ကြုံလည်း ဆွံ့အ နဲ့ အဲဒီ မစွတ်မပွတ်
စကားလုံးလေးတွေ ကြွေကျလာဖို့  အတွက် ကျုပ် ရင်ဘတ်ကို ချိတ်ပိတ် ပြာချထားခဲ့ – ခင်ဗျားရဲ့ လှည့်စားသူ သမိုင်းကြောင်းမှာ
ကျုပ်အကြောင်းက နံပါတ်တစ်လို့  ရေးခြစ်လိုက်ပါ)

ဘာမှမပြောတော့ဘူးဗျာ…. (ကြုံလည်း ဆွံ့အ နေရတဲ့ ဘ၀…)

နင့်ခနဲ ပဲဗျာ… ဒီ စာသားကြီးက…..

commentinfo By: GippTuu at Jul 11, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment