Professional Authors

ကျောင်းပြေးတစ်ယောက်ရဲ့နောင်တ….

လက်ဖက်ရည်တစ်ခွက်
သုံးယောက်မျှသောက်တဲ့ငါတို့
ညနေစာ ငတ်ခဲ့ပေါင်းများပြီ……..
သီချင်းဆိုတိုင်း…
key မ၀င်တဲ့ငါတို့
စာသားတွေမှားခဲ့ပေါင်းများပြီ…….
လှတာမြင်ရင်
ချစ်ချင်တဲ့ငါတို့
အသည်းတွေကွဲခဲ့ပေါင်းများပြီ……..
မွန်းကြပ်လာတိုင်း
လွတ်လပ်ချင်မိတဲ့ငါတို့
စည်းကမ်းမဲ့ခဲ့ပေါင်းလဲများပြီ……..
စာမေးပွဲတိုင်း…
အောင်မှတ်နားမရောက်တဲ့ငါတို့
အထင်သေးခံရပေါင်းများပြီ……….
လူဆုံတိုင်း
ကျောင်းလစ်ခဲ့ကြတဲ့ငါတို့
အိမ်ကိုတိုင်စာရောက်ပေါင်းလဲများပြီ…..
တစ်ခုခုတော့လွဲနေပြီ
အဆီးအတားတွေကိုမုန်းတဲ့ငါတို့
စည်းကမ်းတော့ထားရမယ်
လွပ်လပ်မှုကိုချစ်တဲ့ငါတို့
ထိန်းချုပ်မှုတွေထားသင့်တယ်…
နောင်တချိန်မှာ
ထမင်းနပ်မှန်ဖို့
ငါတို့ကြိုးစားကြရမယ်….
သူငယ်ချင်း….
ကျောင်းပြန်တက်ကြစို့ကွာ……….။         ။

P.S.ကျွန်တော်တို့ကျောင်းလစ်တုန်းက ဖြစ်ရပ်မှန်လေးပါ….

In: ကဗျာ Posted By: Date: Aug 17, 2011
Comment #1

ကျောင်းတော်ကြီးကိုတောင်လွမ်းသွားတယ်ကိုလွမ်းနောင်ရာ … 🙂

commentinfo By: chityellusoelay at Aug 17, 2011
Comment #2

ကျောင်းတက်ရတဲ့ ဘ၀လေးက
တကယ်ကိုပျော်စရာ။
ကြိုက်တယ်။

commentinfo By: jenny at Aug 17, 2011
Comment #3

ကျွန်တော်တော့ ကျောင်းတက်နေတုန်းမို့လားမသိဘူး
ကျောင်းဘက်ကိုခြေဦးမလှည့်မိသေးဘူး…. 😀

commentinfo By: လွမ်းနောင် at Aug 17, 2011
Comment #4

ကောင်းတယ်ဗျာ……. တကယ်

Comment #5

i regret that i didn’t meet that good lessons.
really really happy naw.
if i were a fri of u at that time,i’d get this chance,
so interesting n exciting,

commentinfo By: ei lay at Aug 18, 2011
Comment #6

အဟတ်ဟတ် တို့ များ ကျောင်းပြေးတုန်းက ဒီကဗျာလေး ဖတ်ခဲ့သင့်တယ်…

အားပေးလျက်
မေသူ

commentinfo By: MayThu at Aug 18, 2011
Comment #7

လွမ်းနောင်ရေ……….တကယ်ကောင်းတယ်ကွာ
အားပေးသွားပါတယ်…………

commentinfo By: sitayenyein at Aug 18, 2011
Comment #8

နောင်တချိန်မှာ
ထမင်းနပ်မှန်ဖို့
ငါတို့ကြိုးစားကြရမယ်….
သူငယ်ချင်း….
ကျောင်းပြန်တက်ကြစို့ကွာ……….။ ။
တူတူပဲ

commentinfo By: အသဲကွဲမိုး at Aug 19, 2011
Comment #9

ကျောင်းပြေးဖူးတဲ့သူတစ်ယောက်မို့ ကဗျာလေးဝင်ဖတ်ဖြစ်သွားတယ်ဗျာ တကယ်ကောင်းတဲ့ကဗျာလေးဘဲ ။

commentinfo By: X - ray at Aug 19, 2011
Comment #10

ကျောင်းပြေးလို့ မနှစ်ကကျပြီးသွားပါပြီခင်ဗျာ…
တစ်နှစ်လုံးတစ်ရက်မှမတတ်ဘူး 😀
နောင်တချိန်မှာ
ထမင်းနပ်မှန်ဖို့
ငါတို့ကြိုးစားကြရမယ်….
သူငယ်ချင်း….
ကျောင်းပြန်တက်ကြစို့ကွာ……….။ ။

commentinfo By: loafer at Jan 6, 2013
Comment #11

အင်း
ကျောင်းမြန်မြန်ပြီးအောင်တက်ပါ
ဒါမှ ငြိမ်းမှာ ဟိ

commentinfo By: မေပျို at Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment