Professional Authors

နောင်တ

မျှင်ယဲ့ယဲ့ အသက်တစ်ရှိုက်မှာ
ခိုစီးနေတဲ့ ပင့်သက်မောတွေနှင့်
အလွမ်းထောင်ချောက်မိနေသူ ငါ
ရင်နှင့်မဆံ့တော့တဲ့
လွတ်မြောက်ပြေးထွက်လိုစိတ်
နာရီမလပ် ထိန်းချုပ်ထားခဲ့တာ
အချစ်တစ်ခုတည်းအတွက်ပါ …
ဆည်းဆာနေညိုချိန်ဆိုတာ
ရင်ကို ပင့်ထိုးတဲ့
လက်ဝှေ့သမားပဲ …..
ပွဲကြည့်စင် တစ်ဖက်မှာ
ငါ့ချစ်သူ နင်က
လှောင်ပြုံး တစ်ချက်နှင့်
ငါ ကတော့
နောင်တတွေ
လင်းခနဲ လက်ခနဲ ပွင့်လို့ …… ။

In: ကဗျာ Posted By: Date: Jan 30, 2013
Comment #1

မိုက်တယ် အမမင်းသမီး ကဗျာလေး ခွေ့သွားတယ်

commentinfo By: နိုးဆက်နေ့ at Jan 30, 2013
Comment #2

မြှောက်တယ်နော်

commentinfo By: မေပျို at Jan 31, 2013
Comment #3

ကောင်းတယ်ဟေ့။

commentinfo By: miss tower at Jan 31, 2013
Comment #4

r pay twr par ei

ငါ့ချစ်သူ နင်က
လှောင်ပြုံး တစ်ချက်နှင့်
ငါ ကတော့
နောင်တတွေ
လင်းခနဲ လက်ခနဲ ပွင့်လို့ …… ။

commentinfo By: loafer at Jan 31, 2013
Comment #5

Thz to 13th, miss tower n loafer…

commentinfo By: မေပျို at Jan 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment