Professional Authors

ပေးဆပ်သူရဲ့ နောင်တ

ကောင်မလေးရယ် …
ကဗျာတွေထဲမှာ လွမ်းရလွန်းလို့ …
နှလုံးသားမဲ့တဲ့ နေ့ရက်တွေ
ဘယ်အချိန်မှ ကုန်ဆုံးနိုင်မလဲ ………..

နင်ထားခဲ့တဲ့ …
အတိတ်ကို မေ့ထားချင်ပေမယ့် …
ဒို့နှစ်ယောက် ပျော်ရွှင်ခဲ့ဖူးတဲ့ အချိန်တွေရယ်
ကြည်နူးခဲ့ရတဲ့ ကမ္ဘာလေးကို တမ်းတ
မိုက်ပြစ်တွေ အတွက် နောင်တရလို့ မဆုံးပါဘူး …

ကောင်မလေးရယ် …
နှလုံးသားနဲ့ရင်းပြီး ….
အရိပ်မည်းတွေ မဖုံးလွှမ်းခင်
အလင်းရောင် တိမ်တိုက်တွေနဲ့
အနာဂတ်ခရီးထဲ
တွန်းပို့ ခဲ့တာပါ …. ချစ်သူ … ။

Zero Boyz  ( zeroboyz123@gmail )

In: ကဗျာ Posted By: Date: Feb 27, 2012
Comment #1

oh,,,,,,,,,
a yan ko lae sar par de,,

commentinfo By: ei lay at Feb 27, 2012
Comment #2

အားပေးသွားပါတယ်နော်

commentinfo By: May Kha at Feb 28, 2012
Comment #3

ဖတ်သွားပါတယ်

commentinfo By: kantkawmg at Mar 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment