အစကသိခဲ့ရင်ကောင်းမယ်
ဖြစ်ချင်ခဲ့သော ဆန္ဒတွေအတွက်
ရက်စက်မှုတွေ မွေးထားတယ်..၊
ပြုပြီးမှရတဲ့ နောင်တစ်ခုမှာ
ဖြူစင်မှုတွေမပါနိုင်ဘူး..၊
သာယာတဲ့ဘဝတစ်ခုကို လိုချင်ရင်
ကိုယ့်ဖာသာကိုယ် ပဲနေခဲ့ဖို့ကောင်းတယ်.။
လုပ်နေကျ တာဝန်တွေကတော့ရှိနေတော့
နေဝင်လို့ လထွက်ရင်တောင်
အမှောင်ထုနဲ့ ဖက်ပြီးရန်ဖြစ်နေရတဲ့ကောင်..၊
လှောင်ရယ်သံတွေကြားက ဖေးကူတဲ့အသံ
ပုံမှန်နားထဲရောက်လာတတ်တယ်..၊
တကယ်ဆို…အစွန်းရောက်တဲ့ဝါဒတွေနဲ့
သေအလဲချစ်နေခဲ့မိတာငါက…
သေခါမှဇွဲလျော့ပါလိမ့်မယ်…။
စိတ်ကူးယဉ်ခြင်း ကမိတ်ဆွေဖွဲ့တယ်
သတိရခြင်းက သူငယ်ချင်းပေါ့
မြင်မြင်ချင်းချစ်ခဲ့မိတဲ့ အပြစ်က
အနှစ်မပါတဲ့ မေတ္တာတွေပဲ
တစ်ဝကြီးပိုင်ဆိုင်ခဲ့ရတယ်…..။
Comment #2
တကယ်ဆို…အစွန်းရောက်တဲ့ဝါဒတွေနဲ့
သေအလဲချစ်နေခဲ့မိတာငါက…
သေခါမှဇွဲလျော့ပါလိမ့်မယ်…။
အားပေးသွားပါတယ်။
By: poem.poem28 at Aug 15, 2011
Comment #4
htin loh par.
By: ei lay at Aug 15, 2011
Comment #6
အားပေးဖတ်ရူသွားပါတယ်
By: မယ်မနော at Aug 16, 2011
Comment #7
တကယ်ဆို…အစွန်းရောက်တဲ့ဝါဒတွေနဲ့
သေအလဲချစ်နေခဲ့မိတာငါက…
သေခါမှဇွဲလျော့ပါလိမ့်မယ်…။
By: sandi at Nov 18, 2011




Comment #1
ဖြစ်ချင်ခဲ့သော ဆန္ဒတွေအတွက်
ရက်စက်မှုတွေ မွေးထားတယ်..၊
ပြုပြီးမှရတဲ့ နောင်တစ်ခုမှာ
ဖြူစင်မှုတွေမပါနိုင်ဘူး..၊
ကောင်းတယ် အကို