Professional Authors

ညနေရီရဲ့ သက်တန့်ဖမ်းသမား

ညနေရီရဲ့ သက်တန့်ဖမ်းသမား

ချစ်ခြင်းဆိုတဲ့ တစ္ဆေတစ်ကောင်ကြောင့်
ညတွေ အပျက်ပျက်နဲ့ နှခေါင်းသွေးထွက်
စိတ်ကူးယဉ်ခြင်းနဲ့ ကျားကန်ထားတဲ့ကြားက
တွေဝေခြင်းက တစ္ဆေကြောက်တယ်တဲ့
မနက်ဆိုရင် လင်းမှာတော့ သိတာပေါ့
ဒါပေမဲ့
ည က ပက်ပက်စက်စက်မှောင်လွန်းတယ်
မီးအိမ်ရှင်မလေး
“ကယ်လှည့်တော်မူပါ”
လင်းရှင်းခြင်းရဲ့ အလှတရားမှာ
ဒီတစ္ဆေကို ကြိုးတုပ်
အမှောင်ကို မြေမှာမြှုပ်
သက်တန့်ကို ဆွဲကြိုးလုပ်
သူမကို မျက်နှာလုပ်ပီး
ဆွဲပေးချင်သေးတယ်

ကောင်းမြတ်

PS: ကဗျာခေါင်းစဉ်ကို နီကိုရဲ ၏ မကြည်ပြာနှင့်ချစ်ခြင်း၏နဂ္ဂ

တစ်များ စာအုပ်မှ ကူးယူပါသည်။
In: ကဗျာ Posted By: Date: Jul 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment