Professional Authors
မင်းပေးတဲ့ ဒဏ်ရာ
ဒဏ်ရာတွေ
ဖန်တရာတေနေတဲ့ 
ငါ့ နှလုံးသား
ထပ်တရာကို
ခပ်ကြမ်းကြမ်းမွှထားသလို
ပွစာကြဲ နေဆဲမှာ…..
အပေါ်ယံသကြားဖြူး
ချိုသာရုံသကာရည်လူးကာ
ရေနွေးကြမ်းနဲ့
မြည်းစမ်းသွားခဲ့ တာ……
အချိန်တွေကြာလာတော့ 
သကာတွေညစ်ထပ်ထပ်နဲ့
စေးကပ်ကပ်ညစ်ပတ်လာလို့ 
အမုန်းရေတစ်ခွက်
ဥပေက္ခာ  Brush…ပွတ်တိုက်ပြီး
*ဆေးကြောလိုက်ပြီ…
PS..မူကွဲအနေနဲ့  ရယ်ချင်ရင်တော့ 
*   နေရာမှာ..ပြောင်းပြီးဖတ်ပေါ့လေ….
*ငါဘာဆပ်ပြာသုံးလဲသိလား
ဆင်ချေးတုံးလေ….*
In: ကဗျာ Posted By: Date: Aug 7, 2011
Comment #1
hote lar?
he,,he,,,
poor u.
i use follow-me flora shower foam.
just teasing u naw,
really nice poem.
commentinfo By: ei lay at Aug 7, 2011
Comment #2
အားပေးသွားပါတယ်။
commentinfo By: poem.poem28 at Aug 8, 2011
Comment #3
ပလာတာစားပြီးဆီပေနေတဲ့ လက် မသုတ်ရသေးသလို ခုလု ခုလုကြီး ကျန်ခဲ့တယ်ဗျာ။
ခင်တဲ့
မိုးလူ
commentinfo By: မိုးလူ at Aug 8, 2011
Comment #4
အချိန်တွေကြာလာတော့ 
သကာတွေညစ်ထပ်ထပ်နဲ့ 
စေးကပ်ကပ်ညစ်ပတ်လာလို့ 
အမုန်းရေတစ်ခွက်
ဥပေက္ခာ Brush…ပွတ်တိုက်ပြီး
*ဆေးကြောလိုက်ပြီ…
ဝေဒနာဆပ်ပြာ..သုံးလို့ ပေါ့  ….ဟိဟိ ..မိုက်တယ်
commentinfo By: chityellusoelay at Aug 8, 2011
Comment #5
min pay de dan yar ka a yan cho par de,
commentinfo By: ei lay at May 1, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment